BEC-TERO TV

ပျောက်ဆုံးသွားသောဆိုးလ်မြို့တော်ဝန်အား သေဆုံးလျက်ပြန်လည်တွေ့ရှိ

10 Jul 2020     1,304 Views


တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် Park Won Soon (၆၄) နှစ်သည် ဇူလိုင်လ ၉ ရက်နေ့ညနေ ၁၇:၁၇ ချိန်တွင်နေအိမ်မှထွက်သွားပြီး နေအိမ်တွင် " နောက်ဆုံးနှုတ်ဆက်စာ " ဟုစာရွက်အပိုင်းအစတွေ့ရှိပြီးနောက် ၄-၅ နာရီအထိဆက်သွယ်မှုမရရှိတော့သဖြင့် သမီးဖြစ်သူမှရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့သဖြင့် ရဲအင်အား ၇၀၀ ၊ အရေးပေါ်ဆေးရုံကားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဆိုးလ်မြို့၏အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင်အပူတပြင်းလိုက်လံရှာဖွေခဲ့ကြသည်ဟုသိရပါတယ်။

နောက်ဆုံး Park ဖုန်းဆက်သွယ်မှုဧရိယာတည်နေရာလိုင်းပြတ်တောက်သွားသောနေရာအထိရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်၎င်း၏ရုပ်အလောင်းအား ဘူးကတ်တောင်ပေါ်တွင်ရှာဖွေတွေ့ရှိကြပြီး အတိတ်ကသူ၏ကိုယ်ရေးအရာရှိအတွင်းရေးမှူး " ချောင်း " နှင့် လိင်ဇာတ်ရှူပ်ခဲ့ခြင်းကြောင့် မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာဖြစ်နိုင်တယ်လို့ရဲများကသုံးသပ်ကြပါတယ်။ မနက်ပိုင်း ၁၀:၄၀ ချိန်က ဆိုးလ်မြို့အစိုးရရုံးမှ သတင်းထုတ်ပြန်ချက်အရ မြို့တော်ဝန်မှာကျန်းမာရေးမကောင်းသဖြင့် ခွင့်စာတိုင်ခဲ့တယ်လို့ဆိုပါတယ် ။

တစ်ချိန်တည်းမှာဘဲ မြို့တော်ဝန်ပျောက်ဆုံးသွားတဲ့သတင်းများပျံ့ထွက်လာပြီးနောက် တစ်ချိန်က Park ၏ ကိုယ်ရေးအရာရှိအတွင်းရေးမှူးမလေးဟာ ဆိုးလ်မြို့ရဲ့စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံမှာ မြို့တော်ဝန်ဟာ သူမအား လိင်ပိုင်းဆိုင်ရာချိုးဖောက်ကျူးလွန်မှုတွေရှိခဲ့တယ်ပြီး ဓါတ်ပုံမှတ်တမ်းများနဲ့တကွ မကြာခဏခြိမ်းချောက်မှုတွေရှိခဲ့ပြီးလိင်ပိုင်းဆိုငိအမြတ်ထုတ်မှုတွေရှိခဲ့တယ်လို့ သည့်မတိုင်ခင်က တိုင်ချက်ဖွင့်ထားကြောင်း သတင်းများမှာရေးသားဖော်ပြထားပါတယ်။

သူမဟာ ၂၀၁၇ ခုကနေစတင်ပြီးမြို့တော်ဝန်ရုံးမှာစတင်အမှုထမ်းခဲ့ပြီး လိင်ပိုင်းဆိုင်ရာကိစ္စရပ်များကို အမြတ်ထုတ်ခံခဲ့ရပြီး အလားတူယခင်က သူမကဲ့သို့သော မိန်းကလေးများအပေါ်မှာလည်းကျူးလွန်ခဲ့ဖူးကြောင်းရဲတပ်ဖွဲ့မှာတိုင်ချက်ဖွင့်ခဲ့တယ်လို့ သတင်းများကဆိုပါတယ်.. ဆိုးလ်မြို့အစိုးရရုံးအဖွဲ့မှတာဝန်ရှိသူများနှငိ့ရဲတပ်ဖွဲ့မှ " အွန်ချောင်း " ရဲ့စွပ်စွဲတိုင်ကြားချက်တွေအရ Park အားခေါ်ယူစစ်ဆေးဖို့အတွက်ဆင့်ခေါ်ထားစဉ်မှ ယခုလိုသေဆုံးမှုနဲ့ကြုံခဲ့ရပေမယ့်လည်း သူပျောက်ဆုံးသွားပြီးနောက်သေဆုံးရခြင်းသည် ယခု အွန်ချောင်းနှင့်ဆက်နွယ်မှု ရှိ / မရှိဆိုတာကတော့ တိတိကျကျမဆိုနိုင်သေးပါဘူး ယခင်ကမြို့တော်ဝန် Park သည် လူ့အခွင့်အရေးနှင့်နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူများ ဥပဒေပညာရှင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တင်မြှောက်ရွေးချယ်ခြင်းခံခဲ့ရပြီး ဇူလိုင်လမှစကာ တတိယအကြိမ်ဆက်တိုက်အုပ်ချုပ်ခဲ့သူဖြစ်ပါသည်။ သူဟာ ၂၀၂၂ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရပါသည် ။ သေဆုံးရသည့်အကြောင်းရင်းနှင့်ဖုန်းမှတ်တမ်းများကိုတော့ရဲတပ်ဖွဲ့မှအသေးစိတ်စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည် ။

ကိုးကား #AP #popolay #popolaytv #news #Seoul #Mayor #South_Korea


10 Jul 2020     1,304 Views




RELATED

Most Popular of International News

Most Popular of NEWS