BEC-TERO TV

ဖေ့စ်ဘွတ်ရဲ့ တစ်ရက်တာ Fan တိုးမှု ကမ္ဘာ့အမြန်ဆုံးဆယ်လီတစ်ဦးဖြစ်လာတဲ့ ဖြူဖြူထွေး

10 Jul 2020     1,539 Views


အကကိုဝါသနာပါသူတစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်ရောက်ရှိလာခဲ့တဲ့ ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်ရဲ့အားပေးမှုတွေကို ရရှိခဲ့သူပါ။ အစမှာ သူမရဲ့နေထိုင်မှုပုံစံတို့ကြောင့် ပရိသတ်တစ်ချို့ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပေမယ့် အကောင်းဆုံးကြိုးစားပြီး ပြုပြင်ပြောင်းလဲခဲ့တာကြောင့် ယခုဆိုရင် ချစ်သူခင်သူပေါများလာပြီး အနုပညာလောကထဲမှာ နေရာတစ်ခုရရှိလာပြီဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ ယခုနောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါလုပ်ကိုင်ရင်း ကြော်ငြာတွေကို အဆက်မပြတ်ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမရိုက်ကူးတဲ့ကြော်ငြာလေးတွေဟာ သဘာ၀ကျကျ ဇာတ်အိမ်ဇာတ်ကွက်များနဲ့ ရိုက်ကူးထားတာကြောင့် ပရိသတ်များကလည်း သဘောကျကြပါတယ်။

ဒါ့အပြင် ဖြူဖြူထွေးဟာ ရိုးသားဖြူစင်ပြီး ပွင့်လင်းတဲ့စိတ်ဓာတ်အခံရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကိုကြိုးစားပြီး ရလာတဲ့အနုပညာကြေးထဲကနေ လိုအပ်နေသူများကို လှူဒါန်းကုသိုလ်ပြုလုပ်ပြီး ဗီဒီယိုလေးတွေကို ပရိသတ်တွေဆီမျှဝေလေ့ရှိပါတယ်။ သူမရဲ့အလှူအတန်းပြုတဲ့ ဗီဒီယိုလေးတွေဟာ ကြည့်မြင်ရသူတွကို ပီတီဖြစ်စေတာကတစ်ကြောင်း၊ သူမရဲ့ ပွင့်လင်းစွာ ပြောဆိုနေထိုင်တတ်မှုကို ချစ်ခင်တာကတစ်ကြောင်းကြောင့် ဖေ့စ်ဘွတ်မှာ follower တွေကလည်း နေ့စဉ်နဲ့အမျှ တိုးလာနေတာပါ။

တစ်နေ့တစ်ခြား ပရိသတ်ရဲ့ပိုမိုအားပေးမှုကိုရရှိလာတဲ့ ဖြူဖြူထွေးကတော့ ဖေ့စ်ဘွတ်ရဲ့ တစ်ရက်တာ follower တိုးတက်မှု ကမ္ဘာ့အမြန်ဆုံး ဆယ်လီတစ်ဦးဖြစ်လာခဲ့ပါတယ်။ July (8) ရက်နေ့က ကြည့်ရှုခဲ့တဲ့မှတ်တမ်းမှာတော့ ဖြူဖြူထွေးဟာ International Fan Base ရှိတဲ့ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးဆယ်လီတွေကိုတောင်ကျော်ပြီး မြန်မာပြည်ရဲ့အားပေးသူပရိသတ်အင်အားတစ်ခုတည်းနဲ့ Facebook မှာ တစ်နေ့တာ Fan တိုးတက်မှု ကမ္ဘာ့အမြန်ဆုံး မြန်မာဆယ်လီတစ်ဦးဖြစ်လာတာပါ။

ဒီလိုမျိုးနေရာထိရောက်အောင် သူမကိုအခိုင်အမာ အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေကတော့ ဖြူဖြူထွေးအတွက် ဝမ်းသာဂုဏ်ယူနေတာကို တွေ့မြင်ရပါတယ်။ ဒါကလည်း သူမရဲ့ကြိုးစားအားထုတ်မှုနဲ့ ရိုးသားပွင့်လင်းပြီး ဖြူစင်တဲ့သူမရဲ့စိတ်ထားလေးကြောင့်ပင်ဖြစ်မယ်လို့ ထင်မိပါရဲ့…

(ပိုပိုလေး)


10 Jul 2020     1,539 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment