BEC-TERO TV

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် (၁၀) မျိုး

12 Jul 2020     1,930 Views


သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံး ပါဝင်တဲ့ သစ်သီး ဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာ ကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။
 

(၁) အသားအရေကို ကျန်းမာ လှပစေပါတယ်

 
ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရ ဓာတ်တွေက အန္တရာယ် ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာ စေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိ နိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)
 

(၂) အမြင်အာရုံကို ကောင်းစေပါတယ်

 
ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန် စေပါတယ်။
 

(၃) ကူးစက်ပိုးတွေကို တွန်းလှန် နိုင်ပါတယ်

 
သခွားမွှေးသီးကို ဖျော်ရည် ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန် ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေ နိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။
 

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

 
သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။
 

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

 
ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမား လာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။
 

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

 
ဗီတာမင်စီဟာ အန္တရာယ် အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်း စေပါတယ်။
 

(၇) သွေးဖိအားကို လျော့ကျစေပါတယ်

 
သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ် ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချ နိုင်ပါတယ်။
 

(၈) ခြေထောက် ကြွက်တက်တာကို ကာကွယ်ပေးပါတယ်

 
သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်း စေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေ နိုင်ပါတယ်။
 

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်

 
ကလေးရဖို့ ကြိုးစား နေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန် ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျ စေပါတယ်။
 

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

 
သခွားမွှေးသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယား တွေကို ဖယ်ထုတ် နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျ စေပါတယ်။
 
Credit:

12 Jul 2020     1,930 Views




RELATED

Most Popular of Health Fix

Most Popular of Life Style