BEC-TERO TV

Laptop ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ အသုံးပြုရန် နည်းလမ်း

13 Jul 2020     1,355 Views


Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကိုများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
 

Get a Large Screen

 
Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ်ကို ရွေးချယ်ဝယ်ယူရန် လိုအပ်ပါတယ်။ ဒါမှ အာရုံကြောတို့ရဲ့စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း Font Size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ - စာလုံးတွေကအစ Size ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။
 

Use a Separate Mouse

 
Laptop မှာပါတဲ့ Mouse က အသုံးပြုလို့အဆင်မပြေပါဘူး။ နေရာအကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထားတာ ဖြစ်ပါတယ်။လက်ရဲ့ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောက်ဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား Mouse တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှုကို ရှောင်ရှားနိုင်စေပါတယ်။
 

Level to the Eye

 
Laptop ရဲ့ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။
 

Use a Separate Keyboard

 
Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။
 

Take a Break

 
Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါမယ်။ ခေတ္တအနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။
 

Recline Slightly

 
အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆိုရင် နောက်တစ်နည်းနဲ့ ရှောင်ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
 
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
 
Credit:

13 Jul 2020     1,355 Views




RELATED

Most Popular of Health Fix

Most Popular of Life Style