BEC-TERO TV

ပင်မှည့်သီး (စူကာသီး) ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

14 Jul 2020     2,705 Views


လူအများစုဟာ ပင်မှည့်သီးခေါ် စူကာသီးကို ဖျော်ရည် ဖျော်သောက်ကြတာ များပါတယ်။ ပင်မှည့်သီးမှာ ဘယ်လို ကျန်းမာရေး အာနိသင်တွေ ပါရှိပြီး ဘယ်လို အသုံးပြုသင့်သလဲဆိုတာ ရေးသားလိုက်ရပါတယ်။
 
၁။ ပင်မှည့်သီး ဖျော်ရည်၊ အဓိကအားဖြင့် ပင်မှည့်ရွက်မှာ အယ်လ်ကာလွိုက်တွေ ပါဝင်ပြီး သွေးတိုးကျတာ၊ စိတ်ငြိမ်သက်တာ၊ ကြွက်တက်မှု လျော့ကျတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါကြောင့် ပင်မှည့်ရွက် (စူကာရွက်) ကို တိုင်းပြည်အများစုမှာ ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။
 
၂။ ပင်မှည့်ပင်က ပွင့်တဲ့ ပန်းဟာ စိတ်ငြိမ်စေတဲ့ အာနိသင် အနည်းငယ်ရှိပြီး အိပ်မောကျစေပါတယ်။ ပင်မှည့်ပန်းဟာ နာ့ဗ်ကြော အလုပ်လုပ်လွန်တဲ့ ရောဂါကုသမှုမှာ အသုံးဝင်ပြီး အလွယ်တကူ စိတ်လှုပ်ရှားလွယ်တဲ့ ကလေးတွေကို ကုသရာမှာ သုံးလေ့ရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ၊ အိပ်မပျော်တဲ့ ဝေဒနာ၊ အစာအိမ် အူလမ်းကြောင်း ဝေဒနာနဲ့ သွေးဆုံး ဝေဒနာတွေကို ကုသရာမှာ အသုံးဝင်သလို စိတ်အာရုံ ခြောက်ခြားမှုကိုလည်း အတန်အသင့် သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။
 
 
၃။ ပင်မှည့်သီး အဝါရောင်က ထုတ်ထားတဲ့ အနှစ်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ ဖလော်ရီဒါ တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ပင်မှည့်သီးမှာ ပါတဲ့ ဖိုင်တိုကမ်မီကယ်လ်တွေက ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောတို့ ဖြစ်ကြပြီး ကင်ဆာ ဆန့်ကျင်တဲ့ အာနိသင်တို့ ရှိကြပါတယ်။
 
၄။ ဝက်ဆန်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေ့လာမှုတစ်ရပ်အရ ခရမ်းရောင် ပင်မှည့်သီး အနှစ်ကို စားပေးတာဟာ ပန်းနာရင်ကျပ် လက္ခဏာတွေကို လျော့ကျစေတယ်လို့ သိရပါတယ်။ ခရမ်းရောင် ပင်မှည့်သီး အနှစ်ကို စားတဲ့ ပန်းနာရင်ကျပ်လူနာ ၄၂ ဦးကို လေ့လာခဲ့ရာ ချွဲသလိပ်သံနဲ့ အသက်ရှူရနှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျခဲ့တာကို တွေ့ရပါတယ်။
 
၅။ ပင်မှည့်သီးကို ဒီအတိုင်း စားနိုင်သလို ဖျော်ရည်ဖျော်ပြီးလည်း သောက်နိုင်ပါတယ်။ ပင်မှည့်သီး တစ်ခွက်မှာ အဆီ (၁ ဒသမ ၆ ဂရမ်)၊ ပရိုတင်း (၅ ဒသမ၂ ဂရမ်)၊ ကာဗိုဟိုက်ဒရိတ် (၅၅ ဂရမ်) နဲ့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ အမျှင်ဓာတ် အများအပြား ပါဝင်နေပါတယ်။ ဒီလို တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ပင်မှည့်သီး စားရင် စိတ်ပူပင်သောက၊ ကြွက်သား တောင့်တင်းမှု၊ ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာတို့ကို သက်သာစေပါတယ်။
 
၆။ ပင်မှည့်သီးမှာ ပါတဲ့ အင်တီအောက်ဆီးဒင့် ဗီတာမင်စီဟာ သင့်ခန္ဓာကိုယ်ကို နှလုံးရောဂါနဲ့ ကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်ပေးပြီး ထိခိုက်ဒဏ်ရာတွေ ရခဲ့ရင် အနာကျက်နှုန်း ကောင်းအောင် ကူညီနိုင်ပါတယ်။
 
၇။ ပင်မှည့်သီးမှာ ပါတဲ့ ဗီတာမင်အေဟာ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်သလို အမြင်အာရုံကို ကောင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
 
၈။ ပင်မှည့်သီးမှာပါတဲ့ ပိုတက်စီယမ်က ကိုယ်တွင်း အရည်စနစ်ကို မျှတအောင် ထိန်းပေးနိုင်တဲ့ ဓာတ်ဆားတစ်မျိုးပါ။ ပိုတက်စီယမ်ကို တစ်နေ့တာ လိုအပ်တဲ့ ပမာဏရရှိရင် သွေးတိုးကျစေပြီး ကြွက်သားတွေကို စွမ်းအင်တိုးစေကာ အဆစ်ရောင်ဝေဒနာကို သက်သာစေပါတယ်။
 
၉။ ပင်မှည့်သီးမှာပါတဲ့ သံဓာတ်ဟာ စွမ်းအင်အဆင့်ကို တိုးစေပြီး ကောင်းကောင်း အိပ်မောကျစေကာ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် သွေးထဲကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။
 
၁၀။ ပင်မှည့်သီးမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးတွင်း အဆီပိုတွေကို လျော့ကျစေပါတယ်။
 
 
၁၁။ ပင်မှည့်သီး ဖျော်ရည်ဟာ ကင်ဆာဆဲလ် ကြီးထွားမှုကို လျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ ပင်မှည့်သီးမှာပါတဲ့ ဖိုင်တိုကမ်မီကယ်ဓာတ်တွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို လျှော့ချပေးနိုင်လို့ပါ။
 
၁၂။ ပင်မှည့်သီးမှာပါတဲ့ ဖီနောလစ်အက်စစ်နဲ့ ဖလေဗိုးနွိုက်တွေက နှလုံးကို ကာကွယ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။
 
၁၃။ ပင်မှည့်သီးမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ရိုးရိုးသကြားဓာတ် ပါဝင်မှု မြင့်မားတာကြောင့် အားကစားသမားတွေမှာ သက်လုံကောင်းစေတာ တွေ့ရပါတယ်။
 
၁၄။ ပင်မှည့်သီးအစေ့မှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အိပ်ရာမဝင်ခင် ပင်မှည့်ဖျော်ရည်သောက်ရင် အနားရစေပြီး ကောင်းကောင်း အိပ်မောကျစေပါတယ်။
 
၁၅။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန် သောက်ပေးရင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။
 
Credit:

14 Jul 2020     2,705 Views




RELATED

Most Popular of Health Fix

Most Popular of Life Style