BEC-TERO TV

မဲပေးခွင့်ရှိသူစာရင်း ဇူလိုင် ၁၈ စတင်ကြေညာမယ်

14 Jul 2020     1,308 Views


မြန်မာနိုင်ငံမှာ နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူတွေ စာရင်းကို စနေနေ့ကစလို့ ထုတ်ပြန်သွားမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ စာရင်းကို ရပ်ကွက်၊ ကျေးရွာတွေအလိုက် ဇူလိုင်လ ၁၈ ရက်နေ့ကစ ကြေညာသွားမှာပါ။

မဲပေးခွင့်ရှိသူတွေ အနေနဲ့ စာရင်းမှာ ပါ-မပါ စစ်ဆေးဖို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က တိုက်တွန်းထားပါတယ်။ "၂ ပတ်လုပ်သွားမယ်။ အခု ဇူလိုင် ၁၈ က ပထမဆုံးအနေနဲ့ ကြေညာတာ မပါဘူး။ နောက် မပါသင့်တဲ့ သူတွေပါနေရင်၊ ပါသင့်တာ မပါရင် သက်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဖြည့်ရမယ့် ပုံစံအတိုင်း ဖြည့်တာတွေ ကန့်ကွက်တာတို့ ဖြည့်တာတို့ လုပ်လို့ရမယ်။

မဲရုံတွေကတော့ ဒီမှာတော့ ၅,၀၀၀ ကျော်လောက်ရှိမယ်။ မဲစာရင်းတွေက ဒုတိယအကြိမ်ကြေညာမှာကို အဲဒီမှာကျရင်တော့ မဲရုံစာရင်းတွေကို ထည့်သွင်းကြေညာမယ်။" ၁၄ ရက်တိတိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကြေညာပေးသွားမယ့် မဲစာရင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပထမဆုံး အနေနဲ့ ထုတ်ပြန်တာဖြစ်ပြီး ဒုတိယပိုင်းအနေနဲ့ ထပ်ပြီးလည်း ကြေညာသွားဖို့ ရှိတယ်လို့ ပြောပါတယ်။ တပ်မတော်က မဲဆန္ဒရှင် စာရင်းနဲ့ ပတ်သက်လို့တော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဦးကြည်မြင့်က ပြောပါတယ်။

"တပ်မတော်ဘက်ကဟာတွေပါ ဒီ ၁၈ ရက်မှာ ပါလာဖို့ လုပ်နေပါတယ်။ နောက်ကျတာက ဘယ်လိုဖြစ်လို့လဲဆိုရင် ၁၈နှစ်ပြည့်တွေ ကောက်ခိုင်းတာမှာ အသက်လေးတွေ ပြန်ပြီး စိစစ်တာမှာ နည်းနည်းကြာသွားတာပါ။ ဒီတခေါက် ၁၈နှစ်ပြည့်တဲ့စာရင်းတွေနဲ့ ပတ်သတ် လို့ ကောက်တာက ဒီဇင်ဘာ ၃၁ အထိ သတ်မှတ်ကောက်ခဲ့တာကို ပမာဏကောက်တုန်းကလေ။ အခု ရွေးကောက်ပွဲက နိုဝင်ဘာ ၈ ရက်ဆိုတော့ နိုဝင်ဘာ ၈ ရက်မှာ အသက် ၁၈နှစ်ပြည့်ဖြစ်ရမယ်ဆိုတာမျိုး ဖြစ်တော့နည်းနည်းပြန် စစ်ဆေးရတာတွေ အဲလိုဖြစ်သွားတာပါ။"

ဒီတကြိမ် စာရင်းမှာတော့ ရန်ကုန်တိုင်းအတွင်း မဲပေးခွင့်ရှိသူ အရေအတွက်ဟာ ၅၀၀,၀၀၀ လောက် ပိုတိုးလာတယ်လို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ မဲစာရင်းထုတ်ပြန်မှုတွေမှာ ၂၀၁၅ တုန်းက ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

Credit

#popolay #popolaytv #news #နိုဝင်ဘာ #ရွေးကောက်ပွဲ


14 Jul 2020     1,308 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS