BEC-TERO TV

ဆုံးပါးသွားပြီဖြစ်တဲ့ ဦးဇင်း ဦးကိတ္တိသာရရဲ့မွေးနေ့အတွက်ရည်စူးပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူပေးခဲ့တဲ့ သားညီ

14 Jul 2020     1,656 Views


ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁) ရက်နေ့ကတော့ တစ်နိုင်ငံလုံးကပရိသတ်တွေအတွက်သာမက အနုပညာလောကမှာပါ အံ့ဩခြင်းများစွာနဲ့အတူ ဝမ်းနည်းကြေကွဲခဲ့ရတဲ့ နေ့လေးတစ်နေ့ပါ။ အနုပညာလောကရဲ့ စံထားရတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ သရုပ်ဆောင်ဒွေး သေဆုံးတာ ၁၃ နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့ ထိုနေ့မှာပဲ ပရိသတ်တွေချစ်ခင်လေးစားရတဲ့ မင်းသားကြီးကျော်ဟိန်း တစ်ဖြစ်လဲ ဦးဇင်း ဦးကိတ္တိသာရ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး အနုပညာလောကရဲ့ စံပြပုဂ္ဂိုလ်နှစ်ဦး၊ တူး၀ရီးတော်စပ်သူ သူတို့နှစ်ယောက် နေ့တူရက်တူမှာ ဆုံးပါးသွားခဲ့တာဟာ တော်ရုံတိုက်ဆိုင်မှုမျိုးမဟုတ်တာကြောင့် အကုန်လုံးကအံ့အားသင့်ခဲ့ရတာပါ။ ပျံလွန်တော်မူချိန်မှာ သက်တော် (၇၃) နှစ်ရှိပြီဖြစ်တဲ့ ဦးကိတ္တိသာရဟာ သူသီတင်းသုံးနေထိုင်ရာ ဩစတေးလျမှာပဲဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ကတော့ ဦးဇင်းသာရှိဦးမယ်ဆိုရင် သက်တော် (၇၃) နှစ်ပြည့်မှာဖြစ်ပါတယ်။ မွေးနေ့မရောက်ခင် သုံးရက်အလိုမှာဆုံးပါးသွားခဲ့တဲ့ မင်းသားကြီးကျော်ဟိန်းရဲ့မွေးနေ့အတွက်ရည်စူးကာ တူဖြစ်သူ ဒါရိုက်တာသားညီနဲ့ ဆွေးမျိုးများက သံဃာတော်များအား ဝါဆိုသင်္ကန်းများဆက်ကပ်ပြီး အလှူအတန်းလေးပြုလုပ်ပေးခဲ့ပါတယ်။

ဦးဇင်းရဲ့မွေးနေ့အတွက်ရည်းစူးပြီး ဝါဆိုသင်္ကန်းနှင့် အာရုံဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းကို သားညီက “July 14 ဦးဇင်းကြီးမွေးနေ့မှာ ကျန်ရစ်သူ ညီအစ်ကိုမောင်နှစ်မများနဲ့ တူ တူမများက သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူပူဇော်ပါတယ် ... ပြုသမျှ ကုသိုလ်အပေါင်းကို အမျှပေးဝေပါတယ် ခင်ဗျာ…” ဆိုပြီး လူမှုကွန်ယက်ကနေ မျှဝေထားပါတယ်။

ရည်စူးကုသိုလ်ပြုပေးတဲ့ အမျှအတန်းများကြောင့် ဦးဇင်း ဦးကိတ္တိသာရ ကောင်းရာမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…

(ပိုပိုလေး)

14 Jul 2020     1,656 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment