BEC-TERO TV

နာနတ်သီးရဲ့စွမ်းအား

15 Jul 2020     1,635 Views


ကဲ နာနတ်သီးပေါ်ချိန်လည်းရောက်လာပြီဆိုတော့ နာနတ်သီးရဲ့ ကောင်းကျိုးလေးတွေကို ပရိသတ်တို့အတွက် မျှဝေပေးချင်ပါတယ်။
 
နာနတ်သီးရဲ့ အရိုးသန်စွမ်းခိုင်မာမှု သတ္တိဟာ လူငယ်ပိုင်းအရွယ်အတွက် ကြီးထွားမှု မြန်စေပြီး လူကြီးပိုင်းအရွယ်အတွက် အရိုးတွေကို သန်စွမ်းခိုင်မာစေတဲ့သတ္တိရှိပါတယ်။ နာနတ်သီးဟာ အမြင်အာရုံကြည်လင်သန်စွမ်းစေဖို့အတွက်လည်း အထောက်အကူ ပြုပါတယ်။ အသက်အရွယ် ဇရာကြောင့်ဖြစ်လာတဲ့ မှုန်မှိုင်းခြင်း၊ ရီဝေခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။
 
တချို့ ပျိုမေတွေဟာ ဗီတာစီအများအပြားရှိတဲ့ လိမ္မော်ရည်ကို သောက်ကြပါတယ်။ လိမ္မော်ရည်ဟာ ဗီတာမင်စီပေါကြွယ်ဝတာကြောင့် အအေးမိ၊ ဖျားနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် နာနတ်သီးက ဒီထက်မက စွမ်းဆောင်နိုင်ပါတယ်။ လိမ္မော်သီးထက် နာနတ်သီးက ပိုသာသွားတဲ့အချက်ကတော့ ဘရိုမီလိန်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။ နာနတ်သီးဟာ အအေးမိ၊ ဖျားနာတွေကို လိမ္မော်သီးအစွမ်းလို ကာကွယ် နှိမ်နင်းပေးနိုင်ပါတယ်။
 

အရည်ပြားကင်ဆာနဲ့ နာနတ်သီး

 
အမေရိကန်နိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပြီး လူဦးရေ မီလီယံ ၃.၅ သန်းဟာ နှစ်စဉ် ခံစားနေရပါတယ်။ ဒီအရေပြားကင်ဆာရောဂါအတွက် ဖြေဆေးဟာ နာနတ်သီးမှာ ရှိနေတယ်ဆိုရင်တော့… ကင်ဆာဂျာနယ်ထဲမှာပါတဲ့ ဆေးဆောင်းပါးအရ နာနတ်သီးထဲမှာ ပါဝင်တဲ့ ဘရိုမီလိန် (Enzyme Bromelain) ဟာ ကာကွယ်မှု တချို့ ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
 
အိန္ဒိယဆေးသုတေသီတွေဟာ အရင်ဆုံးကြွက်တွေကို အင်ဇိုင်းဘရိုမီလိန်နဲ့ စမ်းသပ်ခဲ့တာ အောင်မြင်မှုတချို့ ရခဲ့ပါတယ်။ ၃၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး လူတွေအတွက်လည်း အလားတူ အကျိုးသက်ရောက်မှုရှိစေမယ်လို့ ယုံကြည်ထားကြပါတယ်။ နာနတ်သီးထဲမှာ ပါရှိတဲ့ ဘရိုမီလိန်ဟာ ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေမှု၊ အဆစ်အမြစ် ကိုက်ခဲတာ သက်သာစေမှုနဲ့ အနာတွေကို အမြန်ကျက်စေတဲ့ သတ္တိရှိပါတယ်။
 

နာနတ်သီးကိုသုံးဆောင်နည်း

 
နာနတ်သီးကို လိုချင်တဲ့ အကျိုးကျေးဇူးအလိုက် အရေအတွက်ကွဲပြားစွာ သုံးဆောင် ပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးအာရုံအတွက် တစ်နေ့ကို သုံးလုံးခန့် သုံးဆောင်ပေးသင့်ပါတယ်။ အရိုးခိုင်မာသန်စွမ်းဖို့အတွက် တစ်နေ့ကို ဖျော်ရည်တစ်ခွက်ခန့် သောက်သုံးပေးသင့် ပါတယ်။
 
နာနတ်သီးကို တခြားအစားအသောက်များနဲ့ ရောထွေးစားသောက်၊ ယှဉ်တွဲ စားသောက်ခြင်းထက် နာနတ်သီးတစ်ခုတည်း သီးသန့်သုံးဆောင်ပေးခြင်းက အကျိုးကျေးဇူးပိုမိုထိရောက်စေပါတယ်။ နေ့လယ်စာစားသောက်ပြီးမှ သုံးဆောင်ပေးတာက အစာကြေညက်မှုကိုလည်း အထောက်အကူ ပြုပေးပါတယ်။ တခြားအစားအသောက်များနဲ့ ယှဉ်တွဲစားသောက်မယ်ဆိုရင်တော့ နာနတ်သီးရဲ့ အစွမ်းအာနိသင်ဟာ အစာချေဖျက်မှုကို ထောက်ပံ့ကူညီပေးသွားပါလိမ့်မယ်။
 

နာနတ်သီးနဲ့ အရေပြား တွန့်ခြင်းအား ကာကွယ်နည်း

 
နာနတ်သီးနဲ့ သံလွင်ဆီတို့ဟာ အသားအရေအတွက် အရမ်း လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်ပါတယ်။ အထူးသဖြင့် လည်ပင်းပိုင်းက အရေပြားတွန့်ခြင်း အတွက် ကောင်းစွာ ထိရောက်မှု ရှိစေပါတယ်။ သံလွင်ဆီနှစ်ဇွန်း (စားပွဲတင်ဇွန်း) နာနတ်သီး(လတ်လတ်ဆတ်ဆတ်) ရည်တစ်ခွက်ကို ယူပါ။ နှင်းဆီရည်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) ကိုလည်း ယူထားပါ။
 
အားလုံး ပြည့်စုံသွားရင်တော့လည်ပင်းနဲ့ မျက်နှာကို လိမ်းကျံပေးပါတော့မယ်။ မလိမ်းကျံခင် မျက်နှာကို သန့်စင်ဆေးကြောပေးထားဖို့ လိုအပ်ပါတယ်။ မျက်နှာကို နို့နဲ့သော်လည်းကောင်း ဆေးကြောပေးရင် ပိုပြီး အာနိသင်ထပ်ရှိပါလိမ့်မယ်။ နို့နဲ့ မျက်နှာဆေးပြီးသွားရင် သံလွင်ဆီနဲ့ မျက်နှာကို လိမ်းကျံတဲ့အခါ လက်ဖဝါးနဲ့အပေါ်ကို ပွတ်တင်ပေးရမှာ ဖြစ်ပါတယ်။
 
စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ အရေပြားကနေ အဆီကို စုပ်ယူလိုက်ပါတယ်။ ပြီးရင်တော့ နာနတ်သီးအရည်နဲ့ နှင်းဆီရည်ရောထားတာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီးသွားရင်တော့ မျက်နှာကို ရေသန့်နဲ့ သစ်ပေးလို့ ရပါပြီ။ ဒီနည်းကို တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွန့်ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
 

နာနတ်သီးနှင့် ပေါင်းတင်ခြင်း

 
နာနတ်သီးနဲ့ မျက်နှာကို ပေါင်းတင်လို့ ရပါတယ်။ နာနတ်သီးနဲ့ ပေါင်းတင်တာဟာ နာနတ်သီးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်ကြောင့် အသားအရေကို ရွှန်းလဲ့ဝင်းစိုစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
နာနတ်သီးဖျော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း) သို့ နာနတ်သီးမှည့်မှည့် တစ်စိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး အစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရပါမယ်။ စေးကပ်တတ်တာမို့ နာနာတ်သီးကို လိမ်းပြီးပါက ရေနဲ့ သေချာ ဆေးကြောပေးဖို့ လိုပါလိမ့်မယ်။ အရေပြားကို အရမ်းနူးညံ့စေပါတယ်။
 
လိမ်းကျံပြီးသွားတဲ့အခါမှာ ဆယ်မိနစ်ခန့်စောင့်ဆိုင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်တစ်ခါပဲ ပြုလုပ်ပေးပါ။ မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ရှိ တခြားအစိတ်အပိုင်းနေရာများကို လိမ်းကျံမယ်ဆိုရင်တော့ နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥတစ်လုံး၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမယ်။ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာတို့နဲ ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပေးနိုင်ပါတယ်။ လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးပါ။ နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
 
Cerdit:

15 Jul 2020     1,635 Views




RELATED

Most Popular of Health Fix

Most Popular of Life Style