BEC-TERO TV

ကွယ်လွန်သူခင်ပွန်းဖြစ်သူရဲ့ (၁) နှစ်ပြည့်အတွက် ရည်စူးပြီး ကုသိုလ်အလှူပြုလုပ်ခဲ့တဲ့ ဝါဝါဝင်းရွှေ

24 Jul 2020     1,496 Views


တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အကယ်ဒမီများရှင် မင်းသမီးကြီးဝါဝါဝင်းရွှေကတော့ မနေ့က ဇူလိုင်လ ၂၃ ရက်နေ့က ကွယ်လွန်သွားတဲ့ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး ကုသိုလ်ပြုအလှူအတန်းလေးကိုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ငယ်စဉ်ကတည်းက ချစ်မြတ်နိုးပြီး တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိနဲ့ နှစ်ပေါင်းများစွာ ပေါင်းသင်းနေထိုင်လာခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတာဟာ (၁) နှစ်ပင်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အကယ်ဒမီ ဝါဝါဝင်းရွှေကတော့ ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက်ရည်စူပြီး ကျန်းမာရေးမကောင်းသူများအတွက် အာဟာရဒါနများကို လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။

လှူဒါန်းမှုကုသိုလ်တို့အတွက် အမျှအတန်းပေးဝေရင်း အရင်ကအမှတ်တရတွေကိုလည်း သတိတရ ပြန်ပြောင်းပြောပြထားတာတွေ့ရပါတယ်။

ဝါဝါဝင်းရွှေက “ခွဲခွာသွားရက်သူကြီးရေ ကျန်ခဲ့သူရဲ့လွမ်းရက်တွေကတော့ တနစ် တင်းတင်းပြည့်ခဲ့ပြီပေါ့။ ချစ်ဇနီးအပေါ်မှာ တာဝန်ကျေခဲ့သူ အတူနေစဉ်အတွင်း ဘဝတလျှောက် စိတ်ချမ်းသာမှုအပြည့်ပေးခဲ့သူ၊ ကျောင်းကြီးဆောက်တော့ ငွေမလောက်လို့ ချစ်မှာဝတ်ထားတဲ့တလုံးထဲလက်စွပ်ကို ရောင်းလိုက်မယ်နော်။ လှူလှူ နောက်ပိုက်ဆံရတော့ အသစ်ပြန်လုပ်ပေါ့။ ဘယ်တော့မှ အလှူပေါင်းများစွာကိုမဟန့်တားခဲ့သူ ဒယ်ဒီရေ ဘယ်သူကို ဘယ်လောက်ပေးချင်တယ် ပေးပေး ချစ်မာစိတ်ချမ်းသာရင်ပေး ဘယ်တော့မှမကန့်ကွက်ခဲ့သူ။

ကျွန်မက စိတ်ကြီးတတ်သူ သူကတော့ကိုလူအေး။ ကျွန်မက လောဘ ဒေါသတွေ အလုပ်နဲ့ပတ်သက်တာများနေရင် သူက စိတ်ပြေအောင့် ဖြောင့်ဖြတတ်သူ။ ဒါကြောင့် မိသားစုတွေရော မိတ်ဆွေတွေကပါ ကျွန်မထက်သူ့ကို ပိုချစ်ကြတာခံရသူ ကြာလေ လွမ်းလေပါဘဲ ဒယ်ဒီရေ။ ဒယ်ဒီအတွက်လှူဒါန်းမှုတွေ ကျန်းမာရေးမကောင်းသူတွေကို အဟာရဒါနလှူနေပါတယ်။ တစ်နှစ်ပါတ်လုံး လှူဒါန်းမှုတွေကို ဒယ်ဒီရှိ ခံစား သာဓုခေါ်ပါနော်။ ဒယ်ဒီနဲ့တကွ သုံးဆယ်တစ်ဘုံ ကျင်လည်ကုန်ကြသူအပေါင်းကိုလည်း အမျှ အမျှ အမျှ ပေးဝေလိုက်ပါ။” လို့ ရေးသားပြောပြထားပါတယ်။

ဆုံးပါးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီးပြုလုပ်တဲ့ အန်တီဝါဝါဝင်းရွှေရဲ့ အလှူအတန်းအတွက် သာဓုများ ခေါ်ဆိုနိုင်ကြပါစေ….

(ပိုပိုလေး)


24 Jul 2020     1,496 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment