BEC-TERO TV

ကြက်ဟင်းခါးသီး အရည်က ပန်ကရိယ ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်

26 Jul 2020     1,977 Views


ကော်လိုရာဒို ကင်ဆာ လေ့လာရေး တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ ကြက်ဟင်းခါးသီး အရည်က ပန်ကရိယင်ဆာ ဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။
 
လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီး ထွက်ကုန်များက ရင်သား ကင်ဆာအပေါ် ကောင်းကျိုး သက်ရောက်ပုံများအား ပြသခဲ့သည်။ 
 
ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချို ကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ 
 
Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်း ဆောင်တာကို ပြောင်းလဲ သွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်း တစ်မျိုးကို လှုံ့ဆော်ပေးသည့် အပြင် ပန်ကရိယ ဆဲလ်များမှ အင်ဆူလင် ထုတ်မှုအားလည်း မှန်ကန်စေသည်။ ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေး ထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။
 
Credit : Health Updates Journal

26 Jul 2020     1,977 Views




RELATED

Most Popular of Health Fix

Most Popular of Life Style