BEC-TERO TV

ဇူလိုင်(၃၀)ရက် ပြန်ဖွင့်မည့်အထဲတွင် ရွှေတိဂုံဘုရား မပါဝင်သေး

29 Jul 2020     1,302 Views


Covid-19 ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ရန်ကုန်တိုင်းဒေသကြီးက ဘုရား၊ စေတီတွေကို ဇူလိုင်လ(၃၀)ရက်မှာ ပြန်ဖွင့်ဖို့အတွက် ကျန်မာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပေမယ့် ပြန်လည် ဖွင့်လှစ်မယ့်အထဲမှာ ရွှေတိဂုံစေတီတော်မပါသေးဘူးလို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောပါတယ်။

ရွှေတိဂုံစေတီတော်ဟာ နိုင်ငံ့ပြယုဂ်တစ်ခုဖြစ်လို့ ရွေတိဂုံဘုရားကို Covid-19 ကပ်ရောဂါ ကာကွယ် ထိန်း ချုပ်ရေးဗဟိုကော်မတီက လာရောက်စစ်ဆေးပြီးမှ ပြန်ဖွင့်မယ်လို့ ဦးရဲအောင်နိုင်က ရှင်းပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲက အခြား ဘုရား၊ စေတီတော်တွေကတော့ ဇူလိုင်လ ၃၀ ရက်၊ မနက် ၄ နာရီမှာ စတင်ပြီး ပြန်လည်ဖွင့်လှစ်မှာပါ။ ဒီလို ပြန်လည်ဖွင့်လှစ်ဖို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဇူလိုင် ၂၈ မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ရန်ကုန်မြို့ Down Town ဧရိယာထဲမှာရှိတဲ့ ဘုရား၊ စေတီတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့လူမှုရေး ဝန်ကြီးဦးဆောင်တဲ့အဖွဲ့က စစ်ဆေးမှာဖြစ်ပြီး Down Town အပြင်က ဘုရား၊ စေတီတွေကို Covid- 19 ကော်မတီဝင်တွေ စစ်ဆေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘုရား၊ စေတီမှာရှိတဲ့ ဂေါကပတွေအနေနဲ့ကတော့ လာရောက်စစ်ဆေးမှုကို မစောင့်ဘဲ ဇူလိုင် ၃၀ ရက်မှာ ညွှန်ကြားချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

Credit : ဖြိုးဝေလင်း

#popolay #popolaytv #news #ရွှေတိဂုံဘုရား #ရန်ကုန်


29 Jul 2020     1,302 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS