BEC-TERO TV

လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆) မျိုး

07 Aug 2020     1,484 Views


လေပွခြင်း (Bloating) က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ် ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့ စားလိုက်တဲ့ အစားအစာတွေ ကြောင့်လည်း ဖြစ်စေ နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသော်လည်း ပန်းဂေါ်ဖီစိမ်းနဲ့ နို့စတဲ့ အစားအစာ တချို့ကြောင့် လေပွခြင်းကို ဖြစ်စေပြီး ခန္ဓာကိုယ်မှာ သက်တောင့် သက်သာ မရှိဘဲ မအီမသာ ဖြစ်စေပါတယ်။ ဒီမှာတော့ လေပွခြင်းကိုဖြစ်စေတဲ့ အစား အစာ ၆ ခုကို ဖော်ပြ ထားပါတယ်။
 

(၁) ပန်းဂေါ်ဖီစိမ်း

 
ဗီတာမင်တွေ၊ အမျှင်တွေ အပြည့် ပါသော်လည်း ပန်းဂေါ်ဖီစိမ်းက လေပွခြင်းကို ဖြစ်စေ ပါတယ်။ ပန်းဂေါ်ဖီစိမ်း ကို ဖြည်းဖြည်းချင်း စားခြင်းဖြင့် အစာခြေ စနစ် အတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချပါ။
 

(၂) သဘာဝမဟုတ်တဲ့ အချိုတွေ

 
ကယ်လိုရီ မတက်စေသော်လည်း လေပွခြင်းကိုဖြစ် စေတဲ့ သကြားဓာတ် အယ်လ်ကိုဟော တွေ ပါဝင် ပါတယ်။ ဒါကြောင့် သဘာဝ မဟုတ်တဲ့ အချိုတုတွေ စားသုံးခြင်း ကို လျှော့ချပါ၊ ဒါမှမဟုတ် လုံးဝ ရှောင်လိုက်ပါ။
 

(၃) ပီကေဝါးခြင်း

 
ပီကေဝါးခြင်းက အစာကြေစေပြီး သွားတွေကို ဖြူစေသော်လည်း အပိုလေ တွေကို အစာခြေ စနစ် လမ်းကြောင်းထဲသို့ မျိုချမိသလိုဖြစ်စေပါတယ်။ ဒါကြောင့် ပီကေ ကို ဖြည်းဖြည်း ဝါးပြီး အပိုလေတွေ ဝင်လာမှု လျှော့ချပါ။
 

(၄) ပန်းဂေါ်ဖီ

 
အရသာရှိပြီး ကျန်းမာစေတဲ့ ပန်းဂေါ်ဖီဟာ အရမ်း ကောင်းတဲ့ ဟင်းသီး ဟင်းရွက်ဖြစ်ပြီး တစ်နှစ် ပတ်လုံးလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဟင်းသီး ဟင်းရွက်က ဗိုက်ထဲမှာ စူးစူး အောင့်အောင့် ဖြစ်တဲ့ ဝေဒနာမျိုး ကိုလည်း ဖြစ်စေပါတယ်။ ဒါတွေ သက်သာစေဖို့ တဖြည်းဖြည်းချင်း ဝါးစားပါ သို့မဟုတ် ရှောင်ကြဉ်ပါ။
 

(၅) ကာဗွန်ထည့်ထားတဲ့ ဖျော်ရည် အမျိုးမျိုး

 
တချို့နာမည်ကြီး ဆိုဒါတွေက အစာခြေခြင်းမှာ ကူညီသော်လည်း လေပွခြင်းကိုလည်း ဖြစ်စေ နိုင်ပါတယ်။ သင့်ရဲ့ အစာခြေစနစ် လမ်းကြောင်းကို ထိန်းသိမ်းဖို့အတွက် အမြှုပ်တွေပါတဲ့ အရည်တွေ သောက်ခြင်းကို ကန့်သတ်ပါ။
 

(၆) နို့

 
ဗီတာမင်တွေ၊ အာဟာရတွေ အများကြီးပြည့် နေသော်လည်း နို့က လေပွခြင်း ကို ဖြစ်စေတဲ့ အဓိက အစားအစာတစ်ခုပါ။ Lactose နို့၊ သကြားမပါတဲ့ နို့ ဒါမှမဟုတ် Almond နို့ကို သောက်ခြင်းဖြင့် နို့ရဲ့အရသာ မပျောက် စေဘဲ သောက်သုံး နိုင်ပါတယ်။
 
Credit:

07 Aug 2020     1,484 Views




RELATED

Most Popular of Health Fix

Most Popular of Life Style