BEC-TERO TV

“စာဖတ်ကြပါ နိုက်ကလပ်ကြီးပဲ တက်မနေကြပါနဲ့”လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်ပြော

07 Aug 2020     1,450 Views


ငါတို့အားလုံးရဲ့မြေ(စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေများစွာခံနေရတဲ့ယုန်လေးကတော့ သူ့ရဲ့ဖန်တီးမှုတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကြတဲ့ ပရိသတ်ကြီးနှင့်တကွ အနုပညာညီအစ်ကိုမောင်နှမများအားလုံးကို လူမှုကွန်ယက်စာမျက်နှာထက်ကနေသာမက မီဒီယာများရှေ့မှောက်ကနေပါ အမှားကိုဝန်ချတောင်းပန်ခဲ့ပါတယ်။ ယုန်လေးက သူ့အနေဖြင့် နို်ငငံရေးကို ဂဃနဏမသိပဲ စည်းလုံးစေချင်တဲ့စိတ်တစ်ခုနဲ့သာ ဖန်တီးခဲ့တာဖြစ်ကြောင်း၊ နောက်နောင် ဘယ်တော့မှ နိုင်ငံရေးနဲ့ပတ်သက်တာတွေ (လုံး၀) မလုပ်တော့ပါဘူးဟုလည်း ကတိစကားပြောကြားခဲ့ပါသေးတယ်။

ယနေ့မှာတော့ ယုန်လေးက “စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းကို ရိုက်ကူးပုံဖော်ဖြစ်ပုံနှင့်ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ရှင်းပြခဲ့တာကို တွေ့ရပါတယ်။ ယုန်လေးနှင့်အတူ သူငယ်ချင်များဖြစ်ကြတဲ့ သရုပ်ဆောင်မြင့်မြတ်၊ K ညီ၊ ထူး​ခြားတိုက ယုန်လေးဘက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး အတူလိုက်ပါလာခဲ့ကြပါတယ်။

အဆိုတော်ယုန်လေးက ၈၈ အရေးခင်းဖြစ်ချိန်မှာ သူ့အနေဖြင့် ၃ နှစ်သားအရွယ်သာရှိသောကြောင့် နိုင်ငံရေးနောက်ကြောင်းတွေကို မသိရှိ နားမလည်လိုက်ဘူးလို့ဆိုပါတယ်။ ဒါ့ကြောင့် အားလုံးအတွက်ထူးခြားမယ်အထင်နဲ့ ယခုကဲ့သို့ ပုံဖော်ရိုက်ကူးလိုက်မိခြင်းဖြစ်ပြီး စည်းလုံးစေချင်တဲ့ စေတနာအရင်းခံသာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်အား ရှင်းပြခဲ့တယ်လို့သိရပါတယ်။

ဦးညီညီထွန်းလွင်ကတော့ သူ့ရဲ့အသက်အရွယ်နှင့် အတွေ့အကြုံအရ ယုန်လေးရဲ့ဖန်တီးမှု၊ စေတနာတွေဟာ အသိအမှတ်ပြုလို့မရဘူးလို့ ဆိုပါတယ်။ နောက်ထပ် ဒီလိုမျိုး နိုင်ငံရေးကိုပုံဖော်ချင်သူများရှိပါကလည်း ယုန်လေးကို စံနမူနာယူ ကြည့်ထားကြပါလို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် လူငယ်များအား “စာဖတ်ကြပါ နိုက်ကလပ်ကြီးပဲ တက်မနေကြနဲ့”..လို့ တိုက်တွန်းချက် ပြုသွားပါသေးတယ်။

(ပိုပိုလေး)


07 Aug 2020     1,450 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment