BEC-TERO TV

ယာဉ်မှတ်ပုံတင်ခနှုန်းထားများ လျှော့ချ

12 Aug 2020     1,372 Views


လူစီးမော်တော်ယာဉ်များအတွက် ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ နှုန်းထားများ ဖြေလျှော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၇ ရက်နေ့က ကြေငြာခဲ့ပါတယ်။ COVID-19 ကြောင့်ဖြစ် ပေါ်လာသော စီးပွားရေးကျဆင်း မှုများကို ကုစားသည့်အနေဖြင့် လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ်ကောက် ခံလျက်ရှိသည့် ပြည်ပတင်သွင်း ယာဉ်မှတ်ပုံတင်ခ နှုန်းထားများ ကို သြဂုတ်လ ၇ရက်နေ့ ကစ၍ လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။

လူစီးယာဉ်အမျိုးအစား ၁၃၅၀ စီစီ နှင့် အောက်ကို ၃၀ မှ ၁၅ ရာခိုင်နှုန်း၊ လူစီးယာဉ်အမျိုးအစား ၁၃၅၁ စီစီ မှ ၂၀၀၀ စီစီ အထိ ၅၀ မှ ၂၅ ရာခိုင်နှုန်း၊ လူစီးယာဉ်အမျိုးအစား ၂၀၀၁ စီစီ မှ ၅၀၀၀ စီစီ အထိ ၈၀ မှ ၄၀ ရာခိုင်နှုန်း နှင့် လူစီးယာဉ်အမျိုးအစား ၅၀၀၁ စီစီ နှင့် အထက် ၁၂၀ မှ ၆၀ ရာခိုင်နှုန်းဖြင့် ဖြေလျှော့ကောက်ခံခဲ့သည်။ မော်တော်ယာဉ်တင်သွင်းခြင်းအခွန်အကောက်လျှော့ချမှုကို အစိုးရက သြဂုတ်လ ၁ရက်က စပြီး ရာခိုင်နှုန်းအလိုက် ဖြေ လျှော့ပေးခဲ့သည်။

သြဂုတ်လ ၁ရက်က လျှော့ချခဲ့သည့်အကောက်ခွန်နှုန်းထားတွင် ပြည်ပမှ တင်သွင်းသည့် လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂၀၀၀ စီစီ နှင့်အောက်ကို အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ စီစီနှင့် အ ထက်ကို ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းသတ်မှတ်ခဲ့တယ်လို့သိရှိရပါတယ်။

#Popolay #Popolaytv #News


12 Aug 2020     1,372 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS