BEC-TERO TV

NLD နာယကအတွက် လှူဒါန်းငွေ အလွဲသုံးစားလုပ်သည်ဆိုကာ ဗိုလ်တထောင်အမတ် အမှုဖွင့်ခံရ

12 Aug 2020     1,285 Views


လှူဒါန်းငွေကို ဦးတင်ဦး မိသားစုထံ ပေးအပ်ပြီးဖြစ်သဖြင့် အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုမည်ဟု တိုင်ကြားခံ ရသူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မေစိုးကပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ နာယက သူရဦးတင်ဦး ၏ ကျန်းမာရေးအတွက် လှူဒါန်း ထားသော ကျပ်သိန်း ၅၀ ကို အလွဲသုံးစားလုပ်သည်ဆိုကာ ရန် ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်မြင့်မြင့်စိုး (ခေါ်)ဒေါ်မေစိုးနှင့် ပြင်ဦးလွင်မြို့နယ် ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်သူဆွေတို့ကို ငွေလှူဒါန်းသူက အမှုဖွင့်တိုင်တန်းထားသည်။

ဒေါ်မေစိုးကို ရာဇဝတ် မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ဦးကျော်သူဆွေကိုအားပေး ကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပြင်ဦး လွင်မြို့နေ ဦးမြင့်စိုးက ဩဂုတ် ၉ တွင် အမှုဖွင့်လိုက်ခြင်းဖြစ် ကြောင်း ပြင်ဦးလွင်မြို့နယ်ရဲ စခန်းရှိ အမှုစစ်ဒုရဲအုပ်သိင်္ဂီ အောင်က အတည်ပြုသည်။ အသက်(၉၀)ကျော်အရွယ် NLD နာယက ဦးတင်ဦးသည် ၂၀၁၇ တွင် ဦးနှောက်သွေးကြော ပိတ်ကာ လေဖြတ်ခဲ့သဖြင့် ရန် ကုန်ပြည်သူ့ဆေးရုံကြီး၌ တက် ရောက်ကုသခဲ့ရသည်။ထို့ကြောင့် ဦးတင်ဦး၏ ကျန်းမာရေးအသုံး စရိတ်အတွက် NLD ဝန်းရံသူ ဦး မြင့်စိုးက ကျပ်သိန်း ၅၀ လှူဒါန်း လိုသဖြင့် ထိုစဉ်က NLD ပါတီဝင် ဖြစ်သူ ဦးကျော်သူဆွေနှင့် ချိတ် ဆက်ခဲ့သည်။

ထို့နောက် ဦးကျော်သူဆွေ က ဦးတင်ဦးမိသားစုနှင့် နီးစပ်သူ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မေစိုးနှင့် ထပ်မံ ဆက်သွယ်ပေးခဲ့သည်။ ဒေါ်မေ စိုး၏ ဧရာဝတီဘဏ်ငွေစာရင်းသို့ ဦးမြင့်စိုးက ၂၀၁၇ ဇွန်လ ၁ ရက် တွင် ကျပ်သိန်း ၅၀ လွှဲပေးခဲ့ ကြောင်း ရဲစခန်းတိုင်ကြားစာများ၊ ပူးတွဲအမှုဖွင့်ခံရသူ ဦးကျော်သူ ဆွေ၏ ပြောပြချက်တို့အရ သိရ သည်။ ဦးမြင့်စိုးက ပို့ပေးသည့် ဘဏ်၏ငွေလက်ခံပြေစာနှင့် ဦး တင်ဦးမိသားစုထံ လှူဒါန်းပြီး ကြောင်း ဒေါ်မေစိုးက ပြသသည့် ဓာတ်ပုံကို Facebook ပေါ်တွင် ဒေါ်မေစိုး၏ အကောင့်နှင့်တွဲ၍ တင်ခဲ့သည့် သက်သေများရှိ ကြောင်း ဦးကျော်သူဆွေက ဆို သည်။

သို့သော် ယခုအခါ ယင်း ဓာတ်ပုံများမှာ Facebook ပေါ် တွင် မရှိတော့ပေ။ ၎င်းအနေဖြင့် ငွေလှူနိုင်ရန် ဒေါ်မေစိုးထံ လမ်းညွှန်ပေးခဲ့သူ သာဖြစ်ပြီး ငွေအလွဲသုံးစားမလုပ် ခဲ့ကြောင်း ဦးကျော်သူဆွေက ပြောသည်။ ‘‘ဒီကိစ္စမှာ ကျွန်တော်က ငွေပေးငွေယူလည်း မပါဘူး။ သူ လှူချင်တယ်ဆိုလို့ ညွှန်ပြပေး လိုက်တာပဲလေ။ သူကတော့ ဒေါ်မေစိုးကိုမသိလို့ ကျွန်တော့်ကို စွဲရပါတယ်လို့တော့ ပြောတာ ပေါ့’’ဟု ၎င်းက ဆိုသည်။ အဆိုပါ ကျပ်သိန်း ၅၀ ကို နာယကဦးတင်ဦးထံ ပေးပြီးသား ဖြစ်သည့်အပြင် ဓာတ်ပုံသက်သေ များလည်းရှိ၍ ၎င်းအား တရားစွဲ ဆိုပါက အသရေဖျက်မှုဖြင့် ပြန် လည်တရားစွဲမည်ဟု ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်မေစိုးက ပြောသည်။

‘‘အခုချိန်မှ လာပြီး ပြော တယ်ဆိုတာ ဒါ ကျွန်မကို အသ ရေဖျက်တာ ဖြစ်နိုင်ပါတယ်’’ ဟု ဒေါ်မေစိုးက ပြောသည်။ အစိုးရကို ထိပါးစေနိုင်သော ဝေဖန်ချက်များကို လူမှုကွန်ရက် တွင် ရေးသားထုတ်ဖော်သည်ဆို ကာ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်မေစိုးသည် ၂၀၂၀ မေ လတွင် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။ ဒေါ်မေစိုး NLD ပါတီမှ အ ထုတ်ခံရသည့်အခါ ဦးမြင့်စိုးသည် ၎င်းလှူဒါန်းသည့်ငွေ ဦးတင်ဦးထံ အမှန်တကယ် ရောက်၊မရောက် သံသယရှိလာပြီး ဦးတင်ဦးထံ ကိုယ်တိုင် သွားရောက်စုံစမ်းသည့် အခါ ငွေမရောက်ကြောင်း သိရှိ ရသဖြင့် တရားစွဲခြင်းဖြစ်သည်ဟု ပူးတွဲတရားစွဲခံရသူ ဦးကျော်သူ ဆွေက ပြောသည်။

အမှုဖွင့်ထားသူ ဦးမြင့်စိုးနှင့် ဦးတင်ဦးမိသားစုကို တွေ့ဆုံရန် ယခုနှစ်ဇွန်လတွင် စီစဉ်ပေးခဲ့ ကြောင်း ဦးတင်ဦးမိသားစုနှင့် ရင်းနှီးသူ ဦးမြင့်ဦးက ဆိုသည်။ လှူဒါန်းငွေ လက်ခံရ၊မရ ကိစ္စနှင့်ပတ်သက်၍ ဦးတင်ဦး၏ မိသားစုဝင်တစ်ဦးကမူ ဗိုလ်တ ထောင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်မေစိုး သည် ဦးတင်ဦး၏ကျန်းမာရေးအ တွက် ကျပ်ငါးသိန်းလှူဒါန်းဖူး သည်ဟုသာ မှတ်မိကြောင်း ဆို သည်။ ‘‘ငါးသိန်းတော့ ရပါတယ်။ မမှတ်မိတော့ပါဘူး။ ကြီးကြီးတို့ ကလည်း အသက်က ကြီးတော့ လေ။ ခုနှစ်တော့ မမှတ်မိပါဘူး။ အဲဒါတွေ မမှတ်မိပါဘူး။

ဒီလိုပဲ တစ်သုတ်တစ်သုတ်နဲ့ လာပြီး တော့ လှူဒါန်းကြတယ်’’ဟု ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့နယ်ပါတီရုံးသို့ တိုင်ကြားစာ ရောက်သဖြင့် သိရှိထားသော် လည်း အမှုဖွင့်ထားသည်ကိုမူ မသိထားကြောင်း ပြင်ဦးလွင် မြို့နယ်တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဌေးက ပြော သည်။ ထိုငွေလှူဒါန်းမှုသည် ပါတီ ရုံးတွင် အသိသက်သေများဖြင့် လှူဒါန်းခဲ့ခြင်းမဟုတ်ဘဲ ပါတီအ လုပ်အမှုဆောင် ဦးကျော်သူဆွေ နှင့် ဦးမြင့်စိုးတို့ နှစ်ဦးသဘော တူရင်းနှီးမှုဖြင့် လှူဒါန်းခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

အမှုဖွင့်သူ ဦးမြင့်စိုးသည် ယခင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်း စား အစိုးရဝန်ထမ်းတစ်ဦးဖြစ် ကြောင်း၊ လက်ရှိတွင် NLD ပါတီ ဝင်တစ်ဦးဖြစ်ကြောင်း ရဲတိုင် ကြားစာအရ သိရသည်။ ရာဇဝတ်မကင်းသော ယုံ ကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၆ မှာ အာမခံပေးနိုင်ပြီး ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်နိုင်ကြောင်း ရာဇသတ် ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အားပေးကူညီမှု ပုဒ်မ ၁၁၄ သည်ပြစ်မှုထင်ရှားပါက ၎င်းအား ပေးကူညီသည့် ပြစ်မှုပြစ်ဒဏ်အ တိုင်း အမိန့်ချနိုင်ကာ တရားသူ ကြီး၏ ဆင်ခြင်တုံတရားပေါ် မူတည်၍လည်း ချမှတ်နိုင်သည်။ မှတ်ချက် - အောက်ဖော်ပြပါပုံသည် ၂၀၁၇ ဇွန် ၂၃ ရက်တွင် ရိုက်ကူးခဲ့သည့်ပုံဖြစ်သည်။

Credit : ခင်မို့မို့လွင်(MN)

#popolay #popolaytv #news


12 Aug 2020     1,285 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS