BEC-TERO TV

ရုရှား၏ ကိုဗစ်-၁၉ ကာကွယ်ဆေးသစ်ကို သံသယရှိကြောင်း အမေရိကန် ပညာရှင်ပြော

12 Aug 2020     1,340 Views


ကိုဗစ်-၁၉ ကာကွယ်ဆေးသစ်ဟာ ဘေးကင်း၊ အစွမ်းထက်တယ်ဆိုပြီး ရုရှားအစိုးရ သက်သေပြထားတဲ့အပေါ်မှာ တော်တော်လေးသံသယဖြစ်မိတယ်လို့ အမေရိကန် ထိပ်တန်းကူးစက်ရောဂါ တိုက်ဖျက်ရေးပညာရှင် အန်တိုနီဖော်ချီက သြဂုတ် ၁၁ ရက်မှာ ပြောဆိုပါတယ်။ ရုရှားနိုင်ငံဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စည်းမျဉ်းအရခွင့်ပြုပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်ဆိုပြီး သြဂုတ် ၁၁ ရက်မှာ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ကာကွယ်ဆေးကို လူသားစမ်းသပ်မှု နှစ်လ မပြည့်ခင်မှာပဲ ခွင့်ပြုလိုက်တာဖြစ်ပြီး ကာကွယ်ဆေး ဖော်ထုတ်နိုင်မှုကို သိပ္ပံပညာဆိုင်ရာစွမ်းရည်အဖြစ် ရုရှားအစိုးရက ကြိုဆိုခဲ့ပါတယ်။ ရုရှား ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ နောက်ဆုံး စမ်းသပ်မှုတွေ ပြီးဆုံးအောင်လုပ်ဖို့ လိုအပ် နေသေးပြီး အခုလို မြန်မြန်ဆန်ဆန် ခွင့်ပြုလိုက်တဲ့အပေါ် ကျွမ်းကျင်သူတချို့က စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ရုရှား စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီး Sistema ကတော့ ဒီနှစ်ကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အများအပြား ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

Credit

#popolay #popolaytv #news #Russia #Covid #Vaccine


12 Aug 2020     1,340 Views




RELATED

Most Popular of International News

Most Popular of NEWS