BEC-TERO TV

ဧရာ၀တီတံတား(ရတနာပုံ)မှ ခုန်ချခဲ့သည့် အမျိုးသားအား သုံးရက်အကြာ‌တွင်တွေ့ရှိ

13 Aug 2020     1,323 Views


စစ်ကိုင်းမြို့၊ ဧရာ၀တီတံတား (ရတနာပုံ)မှ စစ်ကိုင်းဘက်ခြမ်းပေါ်မှ ဩဂုတ် ၁၁က အမျိူသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပြီး ခုန်ချသူ၏ ရုပ်အလောင်းအားယနေ့ ဩဂုတ် ၁၃နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ဧမြ၀တီဆိပ်တွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ထံမှသိရသည်။

မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော် အချိန်ခန့်က အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့သဖြင့် စစ်ကိုင်းခရိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့ ၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊သုခကာရီလူမှုကူညီရေးအသင်းတို့မှရေပြင်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ရှိကြောင်း၊ခုန်ချသွားသည့် အမျိုးသားမှာ ကိုသိန်းထိုက် (၃၉)နှစ်၊တကောင်းရပ် နယ်မြေ (၄)၊ စစ်ကိုင်းမြို့ဖြစ်ကြောင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ထံမှသိရသည်။

"စစ်ကိုင်း၊ဧမြ၀တီဆိပ်ကမ်းမှာ ဒီမနက်၆နာရီ‌ေကျာ်မှာ အလောင်းပေါ်လာလို့ ကျွန်တော်တို့အဖွဲ့က သွားရောက်ဆယ်ယူထုပ်ပိုးပြီး သယ်ခဲ့ပါတယ်။ ရုပ်အလောင်းကို အိုးဘိုလူမှုကူညီရေးယာဉ်နဲ့ စစ်ကိုင်းခုတင် ၂၀၀ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်"ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုရှိုင်းကို ကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ငါးကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီအတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ် မှ ကျောင်းသားတစ်ဦး ခုန်ချသေဆုံးမှု တစ်ကြိမ်၊မေ၂၄ ရက်နေ့က အင်းဝတံတားပေါ်မှ အမွှာညီအမနှစ်ဦး ခုန်ချသေဆုံးမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရပြီး ယခုဖြစ်စဉ်အပါအ၀င် ၂၀၂၀ခုနှစ်အတွင်း တံတားနှစ်စင်းပေါ်မှခုန်ချသေဆုံးမှု စုစုပေါင်းသုံးကြိမ်၊လူလေးဦး ရှိခဲ့ကာ တစ်ဦးမှ အသက်ရှင်လျက်ကယ်ဆယ်မရခဲ့ကြောင်းသိရသည်။

Credit : ဇေယျာတိုင်းမ်

#popolay #popolaytv #news #ဧရာဝတီတံတား #ရတနာပုံ


13 Aug 2020     1,323 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS