BEC-TERO TV

ရိုက်ကူးခွင့်တစ်နှစ်ပိတ်ခံထားရ၍ စားဝတ်နေရေးအတွက် အလုပ်လေးတွေအပ်ပေးကြပါလို့ တောင်းဆိုလိုက်တဲ့ ယုန်လေး

20 Aug 2020     1,443 Views


အနုပညာလောကထဲကို အဆိုတော်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်ရော၊ ထုတ်လုပ်သူ၊ ဒါရိုက်တာအဖြစ်ပါ တွဲဖက်လုပ်ကိုင်လာတဲ့ ယုန်လေးကတော့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုနဲ့အတူ ထိုက်သင့်တဲ့အောင်မြင်မှုတွေကို ရရှိထားသူပါ။ ယုန်လေးကတော့ သူတစ်ပါးအပေါ်ကူညီတတ်တဲ့စိတ်ထား၊ ကောင်းမွန်တဲ့စိတ်နှလုံးသားအခြေခံရှိသူတစ်ယောက်မို့ ဒုက္ခရောက်နေသူများ၊ အကူအညီလိုအပ်နေသူများတွေ့ရင် လက်မနှေးပဲ လိုက်လံကူညီထောက်ပံ့ပေးလေ့ရှိတာကိုလည်း တွေ့မြင်ရပါတယ်။

ကိုဗစ်-၁၉ ကာလ အလုပ်အကိုင်များရပ်နားထားချိန်မှာတောင် ရှိသမျှအင်အားနဲ့ လိုအပ်နေသူတွေကို လိုက်လံကူညီလှူဒါန်းပေးနေတာဖြစ်ပါတယ်။ ယုန်လေးကတော့ ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသားများအားလုံးကို စည်းလုံးစေချင်သည့်စိတ်ဆန္ဒဖြင့် ငါတို့အားလုံးရဲ့မြေ(စည်းလုံးသင့်ပြီမြန်မာပြည်) ဆိုတဲ့ သီချင်းတစ်ပုဒ်ကိုထွက်ရှိခဲ့ပြီး ထိုသီချင်းကိုဖန်တီးပုံဖော်ရိုက်ကူးမှုနှင့်ပတ်သက်ပြီး လူအများရဲ့ သောက်သောက်လဲ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရပါတယ်။

ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးမှ ယုန်လေးကို ရုပ်ရှင်နှင့် သီချင်းများရိုက်ကူးခွင့် ၁ နှစ်ပိတ်ပင်လိုက်ပါတယ်။ အများရဲ့ဝေဖန်မှုတွေအပြင် ရိုက်ကူးခွင့်ပါပိတ်ခံလိုက်ရတာကြောင့် စားဝတ်နေရေးနှင့် သူတာဝန်ယူ ထောက်ပံ့နေရတဲ့သူများအတွက် အခက်အခဲများဖြစ်သွားနိုင်သည့်အတွက် ကြော်ငြာများနှင့် အလုပ်များအပ်ပေးကြဖို့ တောင်းဆိုလာတာကို တွေ့မြင်ရပါတယ်။

“အားလုံးကောင်းသော နေ့လေးဖြစ်ပါစေခင်များ. အရင်လို Post တွေပြန်တင်ပါတော့မယ် အချိန်ကာလတစ်ခုမှ စိတ်ညစ်စရာတွေများစွာကြုံခဲ့ပါတယ်.အနားမှာရှိပေးတဲ့ မိသားစုလိုသူငယ်ချင်းတွေ Ph နဲ့ရော Messenger မှာရော အားပေးတဲ့တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်.ကျွန်တော် တစ်နှစ်အပိတ်ခံရတဲ့အပေါ်မှာ ဘာမှ ပြောစရာမရှိပါဘူး. ဒါပေမယ့် စားဝတ်နေရေးနဲ့ ကျွန်တော်တာဝန်ယူထားတဲ့ လူတွေအတွက်တော့ ကျွန်တော် ပြန်ရုန်းကန်မှရမှာဖြစ်တဲ့အတွက် ကျွန်တော်ရှင်သန်နေမှရပါမယ်.We Love Yone Lay, We Stand With You Yone Lay ဆိုပြီး အားပေးတဲ့အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်.ကိုယ်ပေါ်မှာ ကျွန်တော့်ပုံ တက်တူးထိုးထားတဲ့ လူတွေအတွက်လည်း အစီစဉ်လေးတွေရှိပါတယ်.We Love Yone Lay, We Stand With You Yone Lay ဆိုပြီး အဖွဲ့တွေဖွဲ့ထားပြီး ကျွန်တော်တာဝန်ယူထားတဲ့ လူတွေနဲ့ ကျွန်တော့်အတွက် ထောက်ပံ့ကြေး သူတို့တက်နိုင်သလောက်လစဉ်ပေးမယ် ထောက်ပံ့မယ်ဆိုပြီးပြောလာတော့ ပျော်ပြီးကြည်းနူးမိသလို ဝမ်းလည်းဝမ်းနည်းမိပါတယ်.

ဘာလို့လဲဆိုတော့ ကျွန်တော်ကပဲ သူများကိုထောက်ပံ့ချင်တာ ကူညီချင်တာ. ကျွန်တော်မစွမ်းနိုင်တော့မှာကို အရင်လိုပြန်မရပ်တည်နိုင်မှာကို အကြောက်ဆုံးပဲ. စရံယူစရာ ရိုက်စရာရုပ်ရှင်ကားတွေ ပျက်ခဲ့ပါတယ်.အခု လုပ်လို့ရတဲ့ဘောင်ထဲက အလုပ်လေးတွေကို အရင်ထက်ပိုကြိုးစားပြီး လုပ်ပါမယ်.Fb မှာ Post တင်ပြီး ကျွန်တော် ကြေညာပေးလို့ရပါတယ်.ရုပ်ရှင်အစည်းရုံးကို စော်ကားတာမဟုတ်ပါဘူးခင်များ.ရုပ်ရှင်အစည်းရုံးကို လျောက်လွှာ တင်စရာမလိုပဲ Fb အတွက် ကြေညာလေးတွေ ရိုက်ပေးလို့ရပါတယ်.Ph နဲ့ပဲ ရိုက်မှာဖြစ်တဲ့အတွက် လူဦးရေလည်း ရူတင်မှာမများပါဘူး. ဒါလေးတွေတော့ လုပ်လို့ရပါတယ်.

ကျွန်တော်မှာရှိတဲ့ Original Gangster ၊ Special 9 ၊ သတိအန္တရာယ်ရှိသည်၊ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ၊ Mafia City ၊ YONE LAY Page တွေနဲ့ YONE LAY Acc အားလုံးပေါင်းရင် Follower 3 M လောက်ရှိပါတယ်. ဒါလေး နဲ့ ကျွန်တော်ပြန်ရပ်တည်မယ်. အရင်လို ပရဟိတတွေ လိုအပ်တဲ့လူတွေကိုကူဖို့ မရရအောင်ပြန်ကြိုးစားမယ်. အဲ့အတွက် ကျွန်တော့်ကို ကြေညာလေးတွေအပ်ပါ အလုပ်လေးတွေပေးဖို့တောင်းဆိုပါတယ်. တက်စွမ်းသလောက်အကောင်းဆုံးကြိုးစားပေးပါမယ်. အားလုံး Peace ” ဆိုပြီး ယုန်လေးက သူ့ရဲ့ FB ကနေ တောင်းဆိုခဲ့ပါတယ်။

ထိုသို့ Post တင်ပြီးမကြာခင်မှာပဲ အလုပ်အပ်တဲ့သူပေါ်လာတဲ့အတွက် အရမ်းကိုပျော်ခဲ့ရကြောင်းနှင့် သူရိုက်ထားတဲ့ကြော်ငြာကိုလည်း FB မှာမျှဝေထားတာတွေ့ရပါတယ်။ ကြော်ငြာရိုက်လို့ရတဲ့အနုပညာကြေးထဲက တစ်ချို့ကိုဖယ်ပြီး လိုအပ်သူများကိုကူညီလှူဒါန်းသွားမယ်လို့လည်း ဆိုထားတာတွေ့ရပါတယ်။ ယုန်လေးကတော့ “ငါတို့အားလုံးရဲ့မြေ”သီချင်းကြောင့် ဝေဖန်မှုတွေများစွာရရှိခဲ့ပေမယ့် အဆိုးထဲက အကောင်းဆိုသလို ယခင်ကထက်ပိုပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ ပိုမိုရရှိလာသလို လူမှုကွန်ယက်မှာ Follower တွေများစွာတိုးလာတာကိုလည်း တွေ့မြင်ရပါတယ်။

 


20 Aug 2020     1,443 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment