BEC-TERO TV

သတင်းမီဒီယာများမပါပဲ အဘဦးတင်မြင့်အား ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ ခင်သဇင်

21 Aug 2020     1,485 Views


လေဖြတ်ဝေဒနာခံစားနေရပြီး ဆေးဖိုးဝါးခအတွက် အလှူခံရင်းရှာဖွေစားသောက်နေရတဲ့ လူကြမ်းသရုပ်ဆောင်ဟောင်း အဘဦးတင်မြင့်အား သနားသဖြင့် အနုပညာရှင်များမှ အသီးသီးသွားရောက်လှူဒါန်းမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။သရုပ်ဆောင်ခင်သဇင်မှလည်း အဘဦးတင်မြင့်အား မနေ့ကဩဂုတ်လ (၂၀) ရက်နေ့ကသွားရောက်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ခင်သဇင်က သူမရဲ့သွားရောက်လှူဒါန်းမှုကိုတော့ သတင်းမီဒီယာများမပါပဲ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

မီဒီယာများကိုမဖိတ်ကြားရသည့် အကြောင်းရင်းနှင့် အဘဦးတင်မြင့်အားသွားရောက်လှူဒါန်းခဲ့ချိန် သူမရင်ထဲတွေ့ကြုံခံစားခဲ့ရသည်များကို လူမှုကွန်ယက်ကနေ ယခုလိုပဲရေးသားပြောပြထားပါတယ်။

"ကိုယ်တိုင်ကျ သွားရောက်လှူဒါန်းထားတဲ့ ပုံလေးတွေတင်လို့ မီဒီယာများ စိတ်မဆိုးကြပါနဲ့ရှင်...မီဒီယာများကို ကိုယ်တိုင်မသွားဖြစ်ဘူးဆိုပြီး ညာသလိုဖြစ်သွားရင် တောင်းပန်ပါတယ်..အစက မီဒီယာများကိုဖြေထားသလို အင်တာဗျူးအလှူမပါချင်လို့ ကိုယ်တိုင်မသွားပဲ လူစားပဲလွှတ်ပြီး လှူပေးမလို့ပါပဲ..

ဘာလို့ဆို လူတွေက ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် မကောင်းပြောခံရတာများတော့ ကိုယ့်စိတ်ထဲ စိတ်မကောင်းဖြစ်မိမှာစိုးလို့ပါ...ကားထဲပဲ အိမ်နေရင်းအဝတ်နဲ့ပဲ လှူတာကိုထိုင်စောင့်နေတာပါ..ဒါပေမယ့် လူနာရဲ့ လက်ရှိအခြေနေလေးမေးချင်လာတာနဲ့ ကားပေါ်ကဆင်းပြီး သတင်းမေးခဲ့ပါတယ်..ကိုယ့်ကိုကိုယ်လည်း မိတ်ဆတ်မနေခဲ့ပါဘူး..ပါဝင်လှူဒါန်းပေးထားတဲ့ အလှူရှင်တွေကို မှတ်တမ်းလေးပြဖို့ ဓာတ်ပုံရိုက်ယူရုံ မှတ်တမ်းတင်ခဲ့ပါတယ်..ကိုယ်နဲ့လည်း ကားရိုက်တခါမှမဆုံဘူးတော့ ခင်သဇင်လို့ သိနေလိမ့်မယ်လည်း မထင်ထားပါဘူး ..

ဒါပေမယ့် အိမ်ထဲဝင်ဝင်ချင်း ခင်သဇင်လားဆိုပြီး ဝမ်းသာအားရကြိုတော့ စိတ်ထဲဝမ်းသာမိပါတယ်...မီဒီယာတွေမပါဘူးလားတဲ့ တန်းပြီးမေးရှာပါတယ်..အဘရယ် အေးအေးလူလူလေး လူနာသတင်းမေးလေးလာတာပါလို့ဆိုတော့...ဟုတ်တယ် ဟိုတနေ့က သူ့အိမ်လေးပေါ် သူ့ရပ်ကွက်ထဲက လူတွေတိုးကြိပ်ပြီးတက်တော့ အိမ်လေးနောက်ဖေးပြိုသွားတယ်တဲ့...ဒါပေမယ့် အဲလိုတွေလာတော့ သူအရမ်းအားရှိပြီး ပျော်ရတယ်တဲ့..ပဌာန်းကို နေ့စဉ်ရွတ်ခဲ့ရတဲ့အကျိုးပါလို့ အဘကဆိုပြန်သေးတယ် ...

သူအခု cele ပြန်ဖြစ်ပြီပေါ့နော်ဆိုပြီး အရွှမ်းဖောက်နေပေမယ့် အဘရဲ့ မျက်လုံးထဲက ဝမ်းနည်းနေတဲ့ အရိပ်ယောင်တချို့ကို ခင်သဇင်လှစ်ခနဲ မြင်မိတော့ ဘာမှန်းမသိတဲ့ကံကြမ္မာကို သက်ပြင်းတချက်ချမိရင်း အဘနဲ့အတူ လိုက်ပါရယ်မောဖြစ်ခဲ့ပါတယ်.ဘဝဆိုတာ တိုတောင်းမလိုနဲ့ ရှည်လျားခက်ခဲလွန်းတယ်နော် အဘ...ဘာတွေပဲတွေ့ကြုံနေရပါစေ အဘဒီထပ်ပိုပြီး ကျန်းမာကြံ့ခိုင်တဲ့ အနုပညာသမားတစ်ယောက်အဖြစ် ဆက်လက်တည်ရှိပေးနေပါလို့ ဆုတောင်းပေးနေပါ့မယ်..ပါဝင်သူလှူဒါန်းသူ အလှူရှင်များကို နတ်လူ သာဓု ခေါ်ဆိုပါတယ်ရှင်" ဆိုပြီး သူမရဲ့အလှူအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသူများကိုလည်း ကျေးဇူးတင်စကားပြောထားတာတွေ့ရပါတယ်။

(ပိုပိုလေး)


21 Aug 2020     1,485 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment