BEC-TERO TV

အကူအညီလိုအပ်၍ လာရောက်တောင်းခံသူအား လက်မနှေးပဲ တတ်နိုင်သမျှနဲ့ ကူညီကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

24 Aug 2020     1,538 Views


ဖြူဖြူထွေးကတော့ အနုပညာလောကထဲ စတင်ဝင်ရောက်လာစဉ်က ပရိသတ်ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပေမယ့် ရိုးသားပွင့်လင်းတဲ့သူမရဲ့ပုံစံ၊ သူတစ်ပါးအပေါ် ကူညီတတ်တဲ့စိတ်ထား၊ ပေးကမ်းရက်ရောလွန်းတဲ့ သူမရဲ့အလှူအတန်းတွေက တွေ့မြင်ရသူတိုင်းကို ကြည်နူးပီတိဖြစ်စေတာကြောင့် ပရိသတ်တွေက ဖြူဖြူထွေးကို ပိုမိုချစ်ခင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး ရရှိလာတဲ့အနုပညာကြေးထဲကနေ အလှူအတန်းများစွာကိုပြုလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ သက်ကြီးလူရွှင်တော်များ၊ တိမ်မြုပ်နေတဲ့ အနုပညာရှင်များအား သူမနဲ့အတူကြော်ငြာများခေါ်ရိုက်ပြီး လှူဒါန်းကူညီမှုတွေပြုလုပ်နေတာလည်း တွေ့မြင်ရပါတယ်။

အလှူရေစက် လက်နဲ့မကွာဆိုသလို အကူအညီလိုအပ်သူများတွေ့လျှင် အမြဲတမ်းကူညီလှူဒါန်းပေးလေ့ရှိတဲ့ ဖြူဖြူထွေးက ဒီတစ်ခေါက်မှာတော့ အခက်အခဲဖြစ်နေ၍ အားကိုးတကြီးနဲ့ သူမဆီအကူအညီလာရောက်တောင်းခံသူအား ချက်ခြင်းဆိုသလို တတ်နိုင်သမျှနဲ့ ကူညီကန်တော့ခဲ့တယ်လို့ သိရပါတယ်။

ဖြူဖြူထွေးက ရိုက်ကူးရေးများပြီးစီး၍ အိမ်ပြန်ရောက်ချိန် အခက်အခဲဖြစ်၊ အကူအညီလိုအပ်နေသောကြောင့် သူမဆီအိမ်တိုင်ရာရောက် အကူအညီလာရောက်တောင်းခံခဲ့တဲ့ အနုပညာရှင်တစ်ဦးအား တတ်နိုင်သလောက်ဖြင့် ကူညီလှူဒါန်းပေးခဲ့ကြောင်းကို လူမှုကွန်ယက်ကနေ မျှဝေထားပြီး သူမရဲ့လုပ်ရပ်ကိုတော့ ပရိသတ်တွေက ဝိုင်းဝန်းချီးကျူးစကား ပြောဆိုထားကြတာ တွေ့ရပါတယ်။

ဖြူဖြူထွေးရဲ့ သူတစ်ပါးအပေါ်ကူညီတတ်တဲ့ စိတ်ထားလေးက လေးစားချီးကျူးစရာပါပဲနော်…

(ပိုပိုလေး)


24 Aug 2020     1,538 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment