BEC-TERO TV

အရေပြားပေါ်မှာအကြောပြတ်တဲ့အရာတွေကြောင့် စိတ်ညစ်နေသလား

29 Aug 2020     1,339 Views


ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ဗိုက်မှာ အကြောပြတ်တဲ့အရေး အကြောင်းတွေ ပေါ်လာလေ့ရှိပါ တယ်။ အဓိကဖြစ်စေတဲ့အကြောင်းက တော့ မျိုးရိုးဗီဇက အဓိကပါဝင်ပါတယ်။ လူတိုင်းလူတိုင်းကလည်း အရေးအကြောင်းပေါ်ပုံခြင်း မတူကြပါဘူး။ သင့်ရဲ့အသားအရောင်ကို လိုက်ပြီး ပန်းရောင်၊ နီညို၊ အညိုက နေ အညိုမှောင်မှောင်ထိဖြစ်နိုင်ပြီး အချိန်ကြာလာတဲ့အခါ အဖြူရောင် အကြောင်းတွေပဲ ကျန်ခဲ့နိုင်ပါတယ်။
 
အဲဒီလိုအရေးအကြောင်းတွေ ပြလာပြီဆိုရင် စောစောကုနိုင်လေ ကောင်းလေပါပဲ။ လေ့လာသူများ ကတော့ အစပျိုးချိန်မှာ ကုသရင် ကုသမှုကို တုံ့ပြန်မှုအကောင်းဆုံး ဖြစ်ကြောင်း ပြောတယ်။ ကုသမှုမှာ အရေးကြီးဆုံးကတော့ ရေဓာတ်ထိန်း ထားနိုင်ဖို့ပါပဲ။ အရေပြားမှာ ရေဓာတ် ပြည့်ဝနေမှသာ ပျော့ပျောင်းပြီး ဆွဲ ဆန့်မှုဒဏ်ကို ခံနိုင်ရည်ရရှိမှာ ဖြစ်ပါ တယ်။ ကိုကိုးထောပတ်သို့မဟုတ် Shea ပင်မှရသောအဆီပါဝင်သည့် Moisturizer ကို တစ်ရက်သုံးကြိမ် မှ လေးကြိမ်ထိ ရင်သား၊ ဝမ်းဗိုက်၊ ပေါင်နဲ့တင်ပါးထဲသို့ စိမ့်ဝင်သွားသည် အထိ ညင်သာစွာ နှိပ်နယ်ပြီး လိမ်း ပေးသင့်ပါတယ်။ ဂျုံစေ့အတွင်း ဗီဇ မှ ထုတ်ယူထားသောအဆီသည် တိကျသောအချက်အလက်များမရှိ သော်လည်း အကြောပြတ်မှုကို သက် သာစေတယ်လိုဆိုတယ်။ ဂလိုင်ကော လစ် အက်ဆစ်ကလည်း ကော်လာ ဂျင်ပိုများလာစေပြီး အရေပြားကို ကျုံ့ဆန်နိုင်မှု ပိုကောင်းစေကာ အကြောပြတ်မှုကို သက်သာစေပါ တယ်။ ဗီတာမင် C ကလည်း ကော် လာဂျင်ပိုထွက်စေပြီး အကြောပြတ်မှု ကို သက်သာစေတဲ့နည်းတစ်ခုဖြစ်ပါ တယ်။
 
ဂလိုင်ကောလစ်အက်ဆစ်နဲ့ တွဲသုံးရင် ပိုကောင်းပါတယ်။ ဗီတာ မင် C သောက်မယ်ဆိုရင်တော့ 500mg ကို တစ်ရက်သုံးကြိမ်သောက် သင့်ပါတယ်။ retinoid (ရက်တီနွိုက်) ပါသောဆေးများ-ယင်းဆေးများက လည်း ကော်လာဂျင်ပိုများစေပြီး သက်သာစေပါတယ်။ ရက်တီနွိုက်ပါ တဲ့ဆေးအချို့ကတော့ ရက်တီနော၊ ထရီ တီနွိုင်း၊ ရီနိုဗာ၊ ဒစ်ဖာရင်စတာ တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ တော့ ယင်းဆေးများသုံးခြင်းကို ရှောင် သင့်ပါတယ်။ လေဆာကုထုံး - ယင်း နည်းကတော့ အသုံးများလျက်ရှိပြီး ယင်းက နောက်ကျသောအဆင့်များ ဖြစ်သည့်ဖြူသွားသောအချိန်၌ပင် ပျောက်ကင်းစေနိုင်ပါတယ်။
 
Credit

29 Aug 2020     1,339 Views




RELATED

Most Popular of Health Fix

Most Popular of Life Style