BEC-TERO TV

ဝက်ခြံထွက်သောသူများအတွက် နည်းလမ်းကောင်း တချို့

05 Sep 2020     1,376 Views


လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက်ခြင်းဟာ ပြဿနာတစ်ခု ဖြစ်မယ် ထင်ပါတယ်။ မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါတယ်။ အမျိုးသားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေပါတယ်။
 

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

 
ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင်အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက်စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။
 

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

 
အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။
 

ရောဂါကုထုံး

 
တကယ်လို့ ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
 
(၁) ရေခဲကပ်ပါ။
(၂) ပင်လယ်ရေ စိမ်ပါ။
(၃) အာလူး ကပ်ပါ။
(၄) သခွားသီး ကပ်ပါ။
(၅) ရှားစောင်းလက်ပတ် အနှစ်သားကို လိမ်းပါ။
(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။
(၇) သံလွင်ဆီ လိမ်းပါ။
(၈) တရားထိုင်ပါ။
 
အထက်ပါ နည်းလမ်းတွေကို အသုံးပြုတာကြောင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင်ပါတယ်။
 
Credit:

05 Sep 2020     1,376 Views




RELATED

Most Popular of Health Fix

Most Popular of Life Style