BEC-TERO TV

ထိုင်းတွင် မြန်မာအမျိုးသားတစ်ဦး တိုက်မြင့်ပေါ်ကနေ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခုန်ချရန်ကြံစည်ခဲ့

16 Sep 2020     1,347 Views


စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ နခွန်ပထုမ်စီရင်စု၊ မိုင်းခရိုင်ရှိ နခွန်ပထုမ်စင်တာဆေးရုံတွင် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ တိုက်မြင့်ပေါ်ခုန်ချရန်ကြိုးပမ်းသူအမျိုးသားတစ်ဦးရှိကြောင်း သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားလာပါတယ်။ ထို့နောက် ရဲတပ်သားများ၊ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့သားများ အခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့့ပါတယ် ။

အဆိုပါဖြစ်ရပ်နေရာဟာ ဆေးရုံအဆောက်အဦး၏ ၄ ထပ်ရှိဝရံတာဖြစ်ပြီး အမည်မသိမြန်မာအမျိုးသားတစ်ဦးဟာ ငေးငိုင်နေကာ အသိ လစ်ဟင်းနေသယောင် တစ်ယောက်တည်းညည်းညူပြောဆိုနေပြီး အော်ဟစ်ဆူညံနေလျက်ရှိပါတယ်။ ရဲများက သူ့ကိုငြိမ်သက်အောင် ဖြောင်းဖြ ကြပြီး မျှော်လင့်မထားတဲ့ဖြစ်ရပ်အတွက် ကြိုတင်ကာကွယ်ရန် အောက်ကြမ်းပြင်မှာလေအိတ်ပွင့်ထားရန်လည်း စီစဉ်ထားခဲ့ပါတယ်။

ထိုအမျိုးသားသည် ဝရံတာ၌အချိန်တစ်နာရီကြာထိုင်နေပြီးနောက် ပင်ပန်းနွမ်းနယ်လာပြီး ရေဆာ၍ ရေတောင်းသောက်ခဲ့့ပါတယ်။ ရဲများက ရေပေးသောက်လိုက်ပြီး ပူပြင်းသောရာသီဥတုကြောင့် ရေသောက်ပြီး သတိမေ့မျောသွားပါတယ်။ ထိုအချိန်၌ ရဲများက ထိုအမျိုးသားကို ဝိုင်းချုပ်လိုက်ပြီး ဘေးကင်းအနရ္တာယ်ရှင်းစွာဖြင့် ဖမ်းဆီးသွားနိုင်ခဲ့တယ်။ ဆေးရုံဝန်ထမ်းများ၏စစ်ဆေးချက်အရ ထိုအမျိုးသားဟာ ဤဆေးရုံမှာ ဆေးလာကုသသော ဇနီးဖြစ်သူစီကိုလာတွေ့ရင်း ဇနီးဖြစ်သူက ဆေးရုံမှဆင်းသွားပြီးဖြစ်၍ ဇနီးသည်ကိုမတွေ့လိုက်ဘဲ ဖုန်းဆက်သော်လည်းဆက်သွယ်မရဖြစ်ကာ ဇနီးဖြစ်သူကသူ့ကိုထားသွားပြီဆိုပြီး စိတ်ဖိစီးမှုဖြစ်၍ ဆေးရုံမှာပေါက်ကွဲနေတာလည်း ဖြစ်ပါတယ်။

ထို့နောက် ဆေးရုံပတ်ပတ်လည်ကို ပတ်ပြေးနေရာ လုံခြုံရေးသမားများက လိုက်ဖမ်းလို့့ ထွက်ပြေးပြီး အပေါ်ထပ်သို့ပြေးတက်သွားရင်းနဲ့ နောက်ဆုံး ၄ ထပ်က ဝရံတာမှာ ရပ်နေလိုက်ပြီးနောက် အခုလို အဖြစ်အပျက်မျိုးဖြစ်သွားရကြောင်း ဆိုပါတယ်။

#popolaytv #popolay #popolaynews


16 Sep 2020     1,347 Views




RELATED

Most Popular of International News

Most Popular of NEWS