BEC-TERO TV

မြိတ်တွင် Covid-19 ပိုးတွေ့ရှိသူ ၅ ဦးရှိလာပြီးနောက် ၎င်းတို့နေထိုင်တဲ့လမ်းတွေကိုယာယီအသွားအလာကန့်သတ်

16 Sep 2020     1,347 Views


မြိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိသူ ၅ ဦးရှိလာပြီးနောက် ၎င်းတို့နေထိုင်တဲ့လမ်း ၂ လမ်းကို စက်တင်ဘာလ ၁၆ ရက်နေ့က ယာယီအသွားအလာကန့်သတ်လိုက်ကြောင်းသိရပါတယ်။ တိုင်းကျန်းမာရေးဌာနမှ စက်တင်ဘာ ၁၆ ရက်နေ့မှာ အတည်ပြုလူနာအသစ် ၃ ဦးထုတ်ပြန်ပြီးနောက် မြိတ်မြို့တွင် Covid-19 အတည်ပြုလူနာ ၅ ဦးရှိပြီဖြစ်ရာ ကန် ခေါင်းရပ်ရှိ မေတ္တာလမ်းနှင့် ပါရမီ(၂)ရပ်ရှိ မာန်ပြေလမ်း ကိုအသွားအလာယာယီကန့်သတ်လိုက်ကြောင်း မြိတ်ခရိုင်Covid-19 ကာထိန်းကု မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ရောဂါဖြစ်ပွားနေသူ ၅ ဦးစလုံးမှာမိသားစုဝင်တွေဖြစ်ပြီး ရန်ကုန်မှပြန်လာတဲ့ လင်မယား ၂ ဦး နှင့် ၎င်းတို့၏သမီး ၂ ဦး၊ သားမက် ၁ ဦးဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမှာ ကန်ခေါင်းရပ်တွင် အတည်ပြုလူနာ ၃ ဦး နှင့် ပါရမီ(၂ ) ရပ်တွင်အတည်ပြုလူနာ ၂ ဦးရှိပြီးမြိတ်မြို့ပြည်သူ့ ဆေးရုံကြီးရှိသီးသန့်အဆောင်တွင်ကုသပေးထားပြီး ထိတွေ့ခဲ့သူများ၏အာခေါင်တို့ဖတ်များကိုလည်းစစ်ဆေးပြီးဖြစ်ရာ Negative ဖြေထွက်ပြီးတစ်ချို့ကို Quarantine ဝင်ခိုင်းခြင်း၊ Stay Home ထားရှိခြင်းများလုပ်ဆောင်ထားကြောင်းသိရပါတယ်။

Source : မြတ်ထွဋ် (မြိတ်)


16 Sep 2020     1,347 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS