BEC-TERO TV

၃ လကြာစားသောက်ပြီးမှ ခရုဆီပုလင်းထဲမှာ လင်းနို့ရှိနေကြောင်းသိရသောဖြစ်ရပ်

17 Sep 2020     1,474 Views


တရုတ်ပြည်က မိသားစုတစ်စုသည် ၃ လနီးပါးချက်ပြုတ်စားသောက်လာသော ခရုဆီပုလင်းထဲတွင် လင်းနို့အသေကောင်တွေ့ရှိသော ထိတ်လန့်စရာဖြစ်ရပ်တစ်ခုကို တရုတ်သတင်းမီဒီယာမှ ဖော်ပြထားပါတယ်။ ဒီမိသားစုရဲ့သားဖြစ်သူ၏ပြောကြားချက်အရ လင်းနို့ကိုပထမဆုံးတွေ့ရှိသူကတော့ သူ၏မိခင်ဖြစ်ပါတယ်။

မိခင်ဖြစ်သူက ညနေစာအတွက် ချက်ပြုတ်ပြင်ဆင် ပုံမှန်ပြုလုပ်နေရာ ခရုဆီခတ်ဖို့ ပုလင်းထဲဇွန်းနဲ့ခတ်လိုက်တဲ့အခါ ပုလင်းထဲမှာအစိုင်အခဲမာမာကြီးတစ်ခု ရှိနေတယ်လို့ခံစားရတယ်။ ပထမတစ်ခါ ခတ်ထုတ်ကြည့်တာ မရဘဲ၊ နောက်တစ်ခါ ပုလင်းရဲ့အောက်ခြေအထဲထိခတ်မှ ထွက်လာတယ်။ ပထမက အဲ့ဒါ ဘာဖြစ်မှန်းမသိသေးဘဲ သေချာကြည့်လိုက်မှ လင်းနို့အသေကောင်ဖြစ်ကြောင်းတွေ့ရှိရပြီး အနံ့ဆိုးပါထွက်နေ၍ အံ့အားထိတ်လန့်သွားပါတယ်။

ထို့နောက် ထိုခရုဆီပုလင်းကို ဆိုင်သို့သွားပြန်အပ်ပေးလိုက်ပြီး အိမ်သားများအားလုံး ရက်အနည်းငယ်ကြာ အစားအသောက်ပျက်သွားကြပါတယ်။ လင်းနို့က ခရုဆီပုလင်းဝယ်လာပြီး နောက်ပိုင်းမှဝင်သွားတာက မဖြစ်နိုင်ဘူးလို့လည်း ဆိုထားပါတယ်။ ဖွင့်သုံးပြီးသွားတိုင်းလည်း လုံလုံခြုံခြုံအဖုံးပြန်ပိတ်ထားတယ် အကယ်၍ တကယ်ဝင်သွားခဲ့မယ်ဆိုရင် လည်း တွေ့မှာပါ၊ သူလည်းအပြင်ပြန်ထွက်ဖို့ ရုန်းနေမှာပါ။

ထို့ကြောင့် ဒါဟာ ထုတ်လုပ်ကတည်းကပဲဝင်သွားတာဖြစ်နိုင်တယ်လို့ ထိုအမျိုးသားကထပ်မံပြောကြားသွားပါတယ်။ ထုတ်လုပ်သူအပိုင်းကလည်း ဤကုမ္ပဏီကထုတ်လုပ်သော ကုန်ပစ္စည်းများအားလုံးသည် စံချိန်မီအဆင့်ဆင့်စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ စားသုံးသူသို့ဖြန့်ချီရောင်းချသည်ဟုဆိုပြီး၊ ထိုသူမှ စွပ်စွဲချက်များအားလုံးကို ငြင်းပယ်ခဲ့ပါတယ်။ လင်းနို့မှာ ဗိုင်းရပ်စ်အမျိုးမျိုးရှိနိုင်သောကြောင့် ယင်းခရုဆီမှာ ဗိုင်းရပ်စ်ပိုး (သို့) ရောဂါပိုးများရှိမရှိသိရှိဖို့ စမ်းသပ်စစ်ဆေးရန်ပြင်ဆင်နေကြောင်း ၎င်းမိသားစုမှပြောကြားသွားခဲ့ပါတယ်။

#popolay #popolaytv #popolaynews


17 Sep 2020     1,474 Views




RELATED

Most Popular of International News

Most Popular of NEWS