BEC-TERO TV

အောင်သမာဓိရွှေဆိုင် ဝန်ထမ်းများထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

18 Sep 2020     1,315 Views


ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အောင်သမာဓိရွှေဆိုင်မှ ဝန်ထမ်းများထံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတယ် ဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက ပြောကြားထားပါတယ်။ “ရန်ကုန်ကဝန်ထမ်းတဦး ဖျားတာကစလို့ ကိုဗစ်သံသယကြောင့် ဆိုင်ပိတ်လိုက်ပါတယ်။ နောက်ထပ်(၇)ဦး ထပ်ဖျားပါတယ်။

အဲဒီသူတွေကိုလည်း ကျန်းမာရေးဌာနကို အကြောင်းကြားပြီး ဟော်တယ်မှာ Q ထားပေးပါတယ်။ Q ဝင်ပြီး (၃/၄)ရက်လောက်နေတော့ အနံ့ပျောက်သူတွေ ရှိလာလို့ ဆေးစစ်လိုက်တော့ Positive ဖြစ်နေလို့ သူတို့အားလုံးကို ဆေးရုံတင်ပေထားလိုက်ပါပြီ။ သူတို့နဲ့ ဆက်စပ်သူတွေကိုလည်း သီးခြားခွဲနေခိုင်းခဲ့ပါတယ်။

ကျန်းမာရေးဌာနနဲ့ တိုင်ပင်အကူညီတောင်းပြီးတော့ လူစာရင်းတွေပေးပြီး ခွင့်ပြုချက်အရ ရန်ကုန်မှ ဝန်ထမ်းအားလုံးကို Q ဝင်ဘို့စီစဉ်ခဲ့ပါတယ်။”လို့ ဦးအောင်ဆန်းဝင်းက ဆိုပါတယ်။

MyanmaPlatform


18 Sep 2020     1,315 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS