BEC-TERO TV

ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် စက်ရုံဖယ်ရီကား ၁ စီး မီးလောင်

18 Sep 2020     1,286 Views


တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ် ၅၂ မှာ စက်တင်ဘာ ၁၈ ရက် မနက် ၆ နာရီကျော်လောက်က စက်ရုံအလုပ်သမားတွေကို ကြို/ပို့ လုပ်တဲ့ ဖယ်ရီကားတစ်စီး မီးလောင်သွားပါတယ်။ မြောင်းတကာစက်မှုဇုံရှိ ဝမ်ဟီးအထည်ချုပ်စက်ရုံက ဥက္ကံမြို့နဲ့ တိုက်ကြီးမြို့နယ်အတွင်းက အလုပ်သမားတွေကို ကြို /ပို့ နေတဲ့ယာဉ် မီးလောင်ခဲ့တာဖြစ်ပါတယ်။

ဥက္ကံမြို့က အလုပ်သမားနှစ်ဦးကို တင်ဆောင်ပြီးပြန်လာချိန်မှာ ကားအင်ဂျင်အပူလွန်ကဲရာက ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ ပါလာတဲ့ အလုပ်သမားတွေကတော့ ထိခိုက်မှုမရှိပါဘူး။ မီးလောင်ရာကို တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ကားရှေ့လေကာမှန်နဲ့ ဘေးမှန်တွေ၊ ဆိုဖာနဲ့ dasnboard တွေအပါအဝင် တန်ဖိုးငွေ ကျပ် ၁၈ သိန်းဖိုးလောက် ပျက်ဆီးဆုံးရှုံး သွားတယ်လို့ သိရပါတယ်။ ကားမီးလောင်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း သန်းဇော်ထက်ကို အမှုဖွင့်ပြီး တိုက်ကြီးမြို့မရဲစခန်းမှာ အရေးယူဆောင်ရွက်ထားပါတယ်။

သတင်း-မေသွယ်(DVB) / ဓာတ်ပုံ-MFSD


18 Sep 2020     1,286 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS