BEC-TERO TV

စည်းကမ်းမဲ့အမှိုက်ပစ်သူများကို ပညာသားပါပါတုံ့ပြန်ခဲ့

18 Sep 2020     1,312 Views


လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံရှိ အမျိုးသားဥယျာဉ်သို့လာရောက်လည်ပတ်ကြသော ခရီးသွားများတချို့ စည်းမဲ့ကမ်းမဲ့စွန့်ပစ်ထားသောအမှိုက်သရိုက်များကို မှတ်သားသွားရအောင် ပညာသားပါပါတုံ့ပြန်လိုက်တဲ့သတင်း ကို ဖော်ပြပေးလိုက်ပါတယ်။

သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဟာ အမျိုးသားဥယျာဉ်အတွင်း၌ စည်းမဲ့ကမ်းမဲ့အမှိုက်သရိုက်များစွန့်ပစ်ခြင်းနှင့်ပတ်သက်ပြီး ဥပဒေအချက်အလက်များနှင့် အရေးယူဆောင်ရွက်မှုများကို ရှင်းလင်းဖော်ပြထားပါတယ်။ ထို့အပြင် “ဥယျာဉ်၌ ခရီးသွားများစွန့်ပစ်ထားတဲ့အမှိုက်သရိုက်များကို ပြန်လည်ထုပ်ပိုးပြီး အခု သင့်အိမ ်စီအရောက်ပြန်လည်ပို့ဆောင်ပေးရန် အဆင်သင့်ဖြစ်နေပါပြီ” လို့ ရေးသားပြီးပို့စ်တင်ထားခဲ့ပါတယ်။

ယခုအချိန်မှာ ဥယျာဉ်ဝန်ထမ်းများမှ သက်ဆိုင်ရာရဲဌာနကိုတိုင်ကြားထားခြင်းရှိပြီး၊ အမျိုးသားဥယျာဉ်အတွင်း၌ စည်းကမ်းမဲ့အမှိုက်သရိုက်များစွန့်ပစ်ခြင်းနှင့်ပတ်သက်ပြီး အက်ဥပဒေညှိစွန်းချက်များကို ရှင်းပြထားပါတယ်။ ၁. ပုဒ်မ ၁၉ (၂) မည်သည့်အပြုအမူပင်ဖြစ်စေ သဘာဝသယံဇာတများ၊ သဘာဝအရင်းအမြစ်များနှင့်ပတ်ဝန်းကျင်၊ မြောက်များစွာရှိသောဇီဝဂေဟာစနစ်များတို့ကိုထိခိုက်နစ်နာဆုံးရှုံးစေသော ချိုးဖောက်သူများကို ၅ နှစ်ထောင်ဒဏ်၊ ဘတ် ၅၀၀,၀၀၀ ဒဏ်ရိုက်ခံရပြီး (သို့) နှစ်မျိုးစလုံးပြစ်ဒဏ်ပေးခံရပါမည်။

၂. ပုဒ်မ ၂၀ အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်သောမည်သူမဆို ဥယျာဉ်မှူးဝန်ထမ်းများ၏ညွှန်ကြားချက်အတိုင်း (သို့) ဥယျာဉ်အတွင်းရှိသတ်မှတ်ထားသောနေရာအသီးသီးမှ စည်းကမ်းချက်များ သေချာမလိုက်နာပါက (သို့) သူတစ်ပါးကို (သို့) တရိစ္ဆာန်များကို အနှောက်အယှက်ဖြစ်စေသော အနရ္တာယ်ဖြစ်စေသော အစရှိတဲ့ အချက်များချိုးဖောက်မှုရှိလျှင် ဘတ် ၁၀၀,၀၀၀ တိတိဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။

ယခုမှစပြီး ဥပဒေနှင့်အညီအတင်းအကျပ်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ခရီးသွားပြည်သူများအားလုံးက သန့်ရှင်းသပ်ရပ်သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသော အသိစိတ်ကလေးနှင့်ခရီးသွားနိုင်ကြဖို့ အမူအကျင့်များကိုပြောင်းလဲပြီး New Normal ဘဝနေထိုင်မှုပုံစံအသစ်တစ်ခုဖြစ်လာအောင် အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့ ဆိုပြီးပြောကြားသွားခဲ့ပါတယ်။

#popolay #popolaytv #popolaynews


18 Sep 2020     1,312 Views




RELATED

Most Popular of International News

Most Popular of NEWS