BEC-TERO TV

မြိတ်ကျွန်းစုအတွင်း မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမှုကြောင့် နေအိမ်တချို့ပြိုလဲကာ တံတားများပျက်စီး

18 Sep 2020     1,424 Views


မြိတ်ကျွန်းစုတွင် မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးမှုကြောင့် နေအိမ်တစ်ချို့ပြိုလဲကာ တံတားများ လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၈ ရက်က မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်း မိုးသက်လေပြင်းများ ကျ ရောက် ခြင်း၊ထူးကဲဒီရေတက်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်း မြို့နယ်အတွင်းရှိ ပင်လယ်ပိုင်းကျေးရွာများတွင် အဓိကထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ׂ

“ကျွန်တော်နေတဲ့ရွာမှာအိမ်ခြေ ၅ ဆောင်လောက်ပြိုတယ်၊ အလယ်မန်ရွာမှာ လည်းပြိုတယ်။ တစ်ရွာမှာ ၅ အိမ် လောက်ပြိုတယ်။ တံတား တစ်ချို့လည်းရေမျှောကုန်တယ်။ ဒီရေကျပြီးမှလှိုင်းက ပြန်တက်လာတယ်။ တံတားတွေလုပ်ထားလို့ ကံကောင်းသွားတယ်။ တံတားတွေသာမရှိရင် တစ်ရွာလုံးပြိုသွားနိုင်တယ်။ ချောင်းကရှက် ရွာမှာ ၅ အိမ်လောက်ပြိုတယ်။ ကလန်းချောင်း မှာ တစ်အိမ်ပြိုတယ်။ ချောင်းကဖီး ရွာမှာ ၄ အိမ်ပြိုတယ်။

အဲဒါကသတင်းတိကျတယ်။ ကျန်တဲ့ နည်းနည်းပါးပါး ထိတာရှိတယ်။လှိုင်းတက်လာလို့ ပြိုတယ် ” ဟု ဘုတ်ပြင်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောကြားခဲ့သည်။ ထိခိုက်ပျက်စီးမှု ပမာဏများကို အတိအကျ မသိနိုင်သေးပဲ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ပိုင်းကျေးရွာများတွင်လည်း ထိခိုက်ပျက်စီးမှု တစ်ချို့ရှိခဲ့ကြောင်းသိရသည်။

မိုး/ဇလ မှ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်တွင် အပူပိုင်းမုန်တိုင်း နိုလ် မှာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်း မြို့အရှေ့တောင်ဘက်တွင် ဗဟိုပြုနေရာမှကုန်း တွင်းပိုင်းသို့ဝင်ရောက်ပြီး တဖြည်းဖြည်းအားလျော့သွားကာ စက်တင်ဘာ ၁၉ ရက်နေ့တွင်မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသသို့လေပွေလှိုင်းအဖြစ် ရောက်ရှိမည်ဟုခန့်မှန်းထား ကြောင်းသိရသည်။ မြန်မာ့ပင်လယ်ပြင်ရှိ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်တွင်လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ဇော်မိုးဦး (မြိတ်)/ELEVEN


18 Sep 2020     1,424 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS