BEC-TERO TV

YBS ယာဉ်လိုင်းများ ရပ်နားမည်ဆိုခြင်းမှာ မဟုတ်မှန်ပဲ ပြည်သူလူထု၏ သွားလာမှုနှင့်အညီပြေးဆွဲပေး နေဟုဆို

22 Sep 2020     1,286 Views


YBS ယာဉ်လိုင်းများ ရပ်နားမည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ဘဲ ပြည်သူလူထု၏ သွားလာမှုနှင့်အညီ YBS ယာဉ်လိုင်းများကို ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ “YBS ယာဉ်လိုင်းက လက်ရှိသွားလာနေတဲ့ ပြည်သူလူထုရဲ့ သွားလာမှုနဲ့အညီ ယခင်ကဲ့သို့ ပြေးဆွဲပေး လျက်ရှိပါတယ်။

တချို့ကားတွေဆို ညဘက် ၇ နာရီထိ ဆွဲနေတာတွေရှိပါတယ်။ တားမြစ်ချက်တွေဘာ တွေနဲ့သွားမယ့် သူမရှိဘူးဆိုရင်တော့ ခရီးသည်စီးနင်းမှုအပေါ် အဲ့လိုင်းကတော့ ရပ်သွားမှာပေါ့လေ။ ခရီးသွားတဲ့သူမရှိဘူးဆိုရင်တော့ ကားကအလွတ်ကြီးပြေးဆွဲနေမှာမဟုတ်ပါဘူး” ဟု ဦးလှအောင်ကပြော သည်။ Covid 19 ဒုတိယလှိုင်းမဖြစ်ခင်အချိန်ထိ YBS စီးသူ အရေအတွက်သည် တစ်ရက်လျှင် ၁၄ သိန်းဝန်း ကျင်ရှိခဲ့ရာမှ ယခု Covid ကူးစက်မှုမြင့်တက်လာချိန်တွင် စီးသူအရေအတွက် လျောကျလာပြီး စက်တင် ဘာလ ၂၀ ရက်တွင် YBS စီးသည့် ခရီးသည်အရေအတွက်မှာ ၂၈၇,၁၇၁ ဦးသာရှိခဲ့သည်။

ကောင်းမြတ်ရာ/ဓာတ်ပုံ – မျိုးကျော်စိုး ပြည်မြန်မာ


22 Sep 2020     1,286 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS