BEC-TERO TV

National COVID-19 Call Center အား နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၅)နာရီ အထိ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိ

24 Sep 2020     1,267 Views


COVID -19 ကာလ လူထုကျန်းမာရေး အသိပညာမြှင့်တင်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် COVID -19 ရောဂါဆိုင်ရာအကြောင်းအရာများကို ပြည်သူများ လေ့လာသိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ National COVID-19 Call Center ကို နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၌ ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် COVID -19 ရောဂါဆိုင်ရာ အကြောင်းအရာများကို သိရှိလိုပါက National COVID-19 Call Center ဖုန်း (2019) သို့ ဆက်သွယ်ခေါ်ယူ မေးမြန်းနိုင်ပါသည်။ National COVID-19 Call Center ဝန်ဆောင်မှုပေးရာတွင် ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း(၄၃) ဦး၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် စေတနာ့ဝန်ထမ်း ဆရာဝန်(၁၇)ဦး စုစုပေါင်း (၆၀) ဦးဖြင့် ဖွင့်လှစ် ထားရှိကြောင်း ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက ပြောကြားသည်။

MRTV


24 Sep 2020     1,267 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS