BEC-TERO TV

သနပ်ပင် ၁၁ ဦး၊ ပြည် ၁ ဦး ယနေ့ပိုးတွေ့လူနာ ထပ်တိုး ငါးစျေး ကုန်စိမ်းစျေးနှင့် ဆက်စပ်သူများ ပိုးတွေ့ရှိမှုများနေ ဟု တိုင်းကျန်းမာရေးဌာန ကြေညာ

24 Sep 2020     1,255 Views


ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ ၁၁ ဦး၊ ပြည် ၁ ဦး ယနေ့ပိုးတွေ့လူနာ ထပ်တိုးကြောင်း တိုင်းကျန်းမာရေး ဌာန က ယနေ့နံနက် ထုတ်ပြန်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း သနပ်ပင်မြို့နယ် ၁၁-ဉီး၊ ပြည်မြို့နယ် ၁-ဉီး၊ စုစုပေါင်း ၁၂-ဉီး ပိုး(လူနာအသစ်) တွေ့ပါတယ်၊ ကြည့်မြင်တိုင် ငါးဈေး၊ သိရိမင်္ဂလာ ကုန်စိမ်းဈေးနဲ့ ဆက်စပ်သူများမှာ ပိုးတွေ့ရှိသူအရေအတွက် များနေတာကို တွေ့ရှိရပါတယ်၊ ရန်ကုန်ပြန်များမှာ ပိုးတွေ့နေတာဖြစ်တဲ့အတွက် ပြန်လာသူများအနေနဲ့ သက်ဆိုင်ရာ မြို့နယ်/ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အသိပေးပြီး အသွားအလာကန့်သတ်ထားရှိတဲ့အတိုင်း စည်းကမ်းရှိစွာ လိုက်နာ နေထိုင်ကြဘို့ တင်ပြလိုပါတယ် ဟု ပဲခူးတိုင်း ကျန်းမာရေး ဌာနမှပြောသည်။

ပိုးတွေ့သူ အရေအတွက် များလာတာကြောင့် ဒေသခံများအနေနဲ့ မလိုအပ်ဘဲ ဆေးရုံကို မလာကြဘို့၊ မလိုအပ်ဘဲ အပြင်မထွက်ဘို့၊ လူစုလူဝေးရှောင်ရှားဘို့၊ Mask တပ်၊ လက်ဆေး၊ ခပ်ဝေးဝေး နေကြဘို့ တိုက်တွန်းအပ်ပါတယ်၊ထိန်းချုပ်ကာကွယ်ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စီမံခန့်ခွဲမှုပေးနေသူများ၊ ကူညီနေသော ပရဟိတလုပ်အားရှင်များကိုလည်း ယခု လတ်တလောကူးစက်မှုများသည် ယခင် နေရပ်ပြန်များ ကူးစက်မှုထက် အဆမတန်မြန်ဆန်ပြီး ပိုမိုကူးစက်လွယ်ကြောင်းကို အထူးသတိထား ဆောင်ရွက်ကြဘို့ မေတ္တာရပ်ခံတင်ပြအပ်ပါတယ် ဟု ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနအသိပေးထားသည်။

ငါးစျေး ကုန်စိမ်းစျေးနှင့် နှင့်ဆက်စပ်သူများ ပိုးတွေ့ ရှိမှု များနေသည်ဟု ကျန်းမာရေး ဌာနမှ ကြေညာထားသော်လည်း ရန်ကုန်ငါးစျေးနှင့် ချိတ်ဆက်ထားသည့် ငါးတင်ကားများ စက်တင်ဘာ ၂၁ရက်နေ့ ည ၇ နာရီ အထိ ပဲခူးမြို့သို့ အဝင်အထွက် ရှိခဲ့ကြောင်း BagoWeekly မှ ဓာတ်ပုံမှတ်တမ်းများ ရရှိထားသည်။

BagoWeekly


24 Sep 2020     1,255 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS