BEC-TERO TV

ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံးတွေ့ရှိ

24 Sep 2020     774 Views


မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံး တွေ့ရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်းပို့ဆောင်လိုက်တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီသတင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃ ဦး တွေ့ရှိခဲ့ပြီး ပေါင်မြို့နယ်က လူနာ ၄ ဦး ပါဝင်ခဲ့တာပါ။

ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ Quarantine ၀င်ရောက်နေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စိတ္တသုခလူမှုကူညီရေးအသင်းပိုင်ကားနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်း ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို စုံစမ်းဖော်ထုတ်ကာ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်ပြီး လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။

ယူမင်းစိုး(DVB)


24 Sep 2020     774 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS