BEC-TERO TV

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် Fever Clinic များတွင် ပြသလူနာများ များပြား

28 Sep 2020     1,301 Views


မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး) COVID-19 တုံ့ပြန်ရေးအဖွဲ့မှဦးဆောင်ပြီး ဖွင့်လှစ်ထားသည့် Fever Clinic များတွင် လာရောက်ပြသသည့် လူနာများ များပြားလာကြောင်း သိရပါသည်။

မြန်မာနိုင်ငံကို COVID-19 ရောဂါပိုးစတင်ပြန့်ပွားခဲသည့် ဧပြီလမှ ဇူလိုင်လအတွင်း မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည့် Fever Clinic (၃)ခုတွင် လာရောက်ပြသကြသည့် လူနာစုစုပေါင်း(၃၆၅)ယောက်ရှိပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ညွှန်းပို့လူနာအရေအတွက်က (၃၄)ယောက်ရှိခဲ့ကာ ယခု COVID-19 ဒုတိယလှိုင်းတွင် Fever Clinic များ စတင်ဖွင့်လှစ်ခဲ့သည့် စက်တင်ဘာလ(၇)ရက်နေ့မှ (၂၆)ရက်နေ့အထိ ရက်ပေါင်း(၂၀)အတွင်း လာရောက်ပြသသူ (၁၇၀)ကျော်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ညွှန်းပို့လူနာ(၂၀) ခန့်နှင့် Positive လူနာ (၂)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)၊ COVID_19 တုံ့ပြန်ရေးအဖွဲ ဥက္ကဋ္ဌ ထံမှ သိရပါသည်။

mrtv


28 Sep 2020     1,301 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS