BEC-TERO TV

ဧရာဝတီတိုင်း၌ ရောဂါလက္ခဏာမပြသည့် ပိုးတွေ့လူနာ အလွန်များပြားဟုဆို

30 Sep 2020     1,300 Views


ဧရာဝတီတိုင်း၌ ရောဂါ လက္ခဏာမပြဘဲ ကျန်းမာသူများ ကဲ့သို့ သွားလာနေထိုင်သည့် COVID-19 အတည်ပြုလူနာ အလွန်များပြားနေကြောင်း ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက် တာ သန်းမင်းထွဋ်က ပြောကြားသည်။ ပုသိမ်ဆေးရုံရှိ အတည်ပြု လူနာ ၈၉ ဦးအနက် နှစ်ဦးသာ ပိုးသတ်ဆေးထိုး၊ဆေးတိုက်ရပြီး ကျန် ၈၇ ဦးသည် သာမန်လူများ ကဲ့သို့ပင် ကျန်းမာရေးကောင်းမွန် ကာ အနံ့ပျောက်ခြင်း၊ ချောင်းဆိုး ခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက် ခြင်းနှင့် နှာစေးခြင်းပင်မရှိသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီလူတွေက အင်မတန် အန္တရာယ်များတဲ့သူတွေပါ။ နေမ ကောင်းတဲ့သူက အိပ်ရာထဲလှဲ နေမယ်၊ ငါကိုဗစ်ဖြစ်မလားဆိုတဲ့ အတွေးနဲ့ အပြင်မထွက်ဘဲနေမှာ။ ဒါပေမဲ့ နေကောင်းပြီး ပိုးရှိနေတာ မသိတော့ လျှောက်သွားနေကြ တယ်။ သူတို့နဲ့ထိတွေမိတဲ့အခါ အတွဲလိုက်တွေ ကူးစက်ကုန်ကြ တယ်’’ ဟု ဒေါက်တာသန်းမင်း ထွဋ်က ဆိုသည်။ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက Positive လူနာများနှင့် ထိတွေ့ဆက်စပ်သူများကို ဖော် ထုတ်ပြီး သံသယရှိသူများကို စစ် ဆေးရာ ရောဂါလက္ခဏာမပြ သည့် Positive လူနာများတွေ့ခဲ့ ကြောင်း ၎င်းက ပြောကြားသည်။

ပုသိမ်ဆေးရုံကြီးရှိ COVID -19 စစ်ဆေးသည့်စက်သည် တစ်နေ့လျှင် လူ ၁၂ ဦးကိုသာ စစ် ဆေးနိုင်သော်လည်း Positive လူနာတစ်ဦး၏နောက်တွင် ကွင်း ဆက်သံသယလူနာ ရာနှင့်ချီရှိ၍ ၎င်းတို့အားလုံးကို စစ်ဆေးမည့် ကြာချိန် ၁၀ ရက်အတွင်း အခြား ပိုးတွေ့လူနာများ ထပ်မံရှိလာနိုင် ကြောင်း ဒေါက်တာသန်းမင်းထွဋ် က ဆိုသည်။

၎င်းတို့အားလုံး၏ ကွင်း ဆက်ကို ဖော်ထုတ်ပါက သံသယ လူနာများ ထပ်မံ၍ ရာနှင့်ချီတွေ့ ရှိမည်ဖြစ်ရာ စစ်ဆေးမည့်စက် ၏ ကန့်သတ်ချက်ကြောင့် အခက် အခဲများစွာရှိလာနိုင်ကြောင်း ၎င်း ကပြောသည်။ ဧရာဝတီတိုင်း ပြည်သူ့ကျန်း မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ စက်တင်ဘာလ ၂၈ ရက် အထိ တိုင်းအတွင်း ပိုးတွေ့လူ နာ ၁၉၅ ဦးရှိပြီး ထိုအထဲတွင် လူနာသစ် လေးဦးပါဝင်သည်။ လက်ရှိတွင် ရောဂါပျောက်ကင်း ၍ ဆေးရုံဆင်းခွင့်ရသူ ၅၅ ဦး ရှိပြီဖြစ်သည်။

သက်ဆွေ(7 Day)


30 Sep 2020     1,300 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS