BEC-TERO TV

ကျိုက်မရောမြို့နယ်၌ အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား တည်ဆောက်ပြီးစီး

15 Oct 2020     1,520 Views


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၅၈) ရွာနှင့် ကျေးလက်ပြည်သူ လူဦးရေ နှစ်သိန်းကျော်တို့အား လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျှင်မြန်စေရန်အတွက် အတ္ထရံမြစ်ကို ဖြတ်ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် တည်ဆောက်ခဲ့သည့် (စံပယ်ဂူ) တံတားအတ္ထရံမှာ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်၍ မကြာမီ ကာလအတွင်း ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုက်မရော အတ္ထရံတံတား (စံပယ်ဂူ) ပင်မတံတားကြီးမှာ သံမဏိသံဘောင်ဂုံးတံ တား အမျိုးအစားဖြစ်ကာ တံတားအရှည်မှာ ပေ (၆၄၄.၁) မီတာ (၂၁၁၃ပေ ၂ လက်မ) တံတားအကျယ် (၃၄ ပေ ၆ လက်မ) ရေလမ်းကင်းလွတ် အမြင့် (၄၆) ပေ၊ ရေလမ်းကင်းလွတ်ခွင့်အကျယ် (၃၆၀)ပေ ရှိကြောင်း သိရသည်။

အဆိုပါ ကျိုက်မရောအတ္ထရံတံတား (စံပယ်ဂူ) တံတားကြီးဖွင့်လှစ်ပြီးပါက မွန်ပြည်နယ် ကျိုက်မရောမှ ကရင်ပြည်နယ် မြဝတီမြို့အထိဒေသထွက်ကုန် များကိုအချိန်တို အတွင်း ရောင်းဝယ်ဖောက်ကားနိုင် တော့မည်ဖြစ်ပြီး ကျိုက်မရောမြို့နယ်၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူ ဖြစ်လာမည့်တံ တားတစ်စင်းလည်းဖြစ်၍ ဒေသခံ ကျေးရွာပြည်သူများမှ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

Ref : ချိုချို(ပြန်/ဆက်)


15 Oct 2020     1,520 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS