BEC-TERO TV

ထောပတ်သီးတစ်လုံးရဲ့ ကောင်းကျိုးများ

22 Oct 2020     1,695 Views


ထောပတ်သီးဟာဆိုရင် အဆီအနှစ်ပြည့်ဝပြီး အရသာကောင်းမွန်ယုံသာမက  ဗီတာမင်နဲ့သတ္တုဓာတ် အမျိုး ၂၀ လောက်ပါဝင်တာကြောင့် လူအတော်အများ စားသုံးသင့်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။
 

ထောပတ်သီး 100 g မှာဆိုရင် ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လိုအပ်ချက်များရဲ့... 

• Vitamin K: 26% • Folate: 20%• Vitamin C: 17%• Potassium: 14%• Vitamin B5: 14% • Vitamin B6: 13%• Vitamin E: 10%• Magnesium, manganese, copper,iron, zinc, phosphorous တို့ အပြင်vitamins A, B1 (thiamine),B2 (riboflavin) နဲ့ B3 (niacin) တို့လည်းအနည်းငယ်စီ ပါဝင်ပါတယ်။
 

ဒီလို အာဟာရဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးမယ်ဆိုရင်တော့...

 
- ခန္ဓာကိုယ်ကို မဝအောင်ထိန်းထားနိုင်ပြီး သွေးတွင်း ကိုလတ်စတောကို ကျစေပါတယ်
 
- Oleic acid ပါဝင်တာကြောင့် ဖောရောင်ခြင်းများကို လျော့ကျစေသည့် အပြင် ကင်ဆာရောဂါဝေဒနာရှိသူများအတွက်လည်း အလွန်ကောင်းပါတယ်။
 
- ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် သွေးတိုးကိုကျစေပါတယ်။ (ကျောက်ကပ်သမားများ ဆရာဝန်ဖြင့်တိုင်ပင်စားသုံးသင့်သည်)
 
- အမျှင်ဓာတ်များစွာပါဝင်တာကြောင့် ဝမ်းချုပ်တတ်သူများ ဝမ်းမှန်စေတာကြောင့် စားသုံးပေးသင့်ပါတယ်။
 
- ကျန်းမာရေးနဲ့သင့်တော်တဲ့ Fatty အက်ဆစ်၊ သကြားဓာတ်တွေ ပါဝင်တာကြောင့် ဝိတ်ချနေသူများအတွက် အလွန်သင့်တော်သော အစားအစာဖြစ်ပါတယ်။
 
-  antioxidants များထဲမှ lutein နဲ့ zeaxanthin ဟာ မျက်လုံး ကျန်းမာရေးအတွက် အလွန်းအရေးကြီးသော antioxidant များ ဖြစ်ကျတာကြောင့် မျက်စိဝေဒနာရှင်များလည်း စားသုံးသင့်ပါတယ်။
 
- Carotennoids ဓာတ်၊ Chorophyll ဓာတ်Polyhdroxylated Fatty Alcohols စတဲ့
ဓာတ်ပေါင်းစုံလည်း ပါဝင်သလို ဗီတာမင် ဘီ (Folic Acid)၊ ဗီတာမင် စီ နဲ့ အီးတို့လည်း ပါဝင်ပါတယ်။ဗီတာမင် C နှင့် ဗီတာမင် E ပါတဲ့ အတွက်ကြောင့် အသားအရေ ကို စိုပြေ ဝင်းလတ်စေပြီး melatonin အလွန်အကျွံ ထုတ်တာကို ကာကွယ်ပေးတော့ အသားအရည် မည်းတာ ကိုလည်းသက်သာစေပါတယ်။
 
Credit: 

22 Oct 2020     1,695 Views




RELATED

Most Popular of Health Fix

Most Popular of Life Style