BEC-TERO TV

မလေးရှားအလုပ်သမား (၇၅၀,၀၀၀)ကျော်ကို အောက်တိုဘာလ(၂၂)ရက်နေ့မှစ၍ work from home ဆောင်ရွက်ရန် အမိန့်ထုတ်

23 Oct 2020     1,364 Views


အောက်တိုဘာလ(၂၂)ရက်နေ့ မှစတင်ကာ ကလန်ဗယ်လေ၊ ဆာဘာ့နဲ့ လာဘွန်းက အလုပ်သမားပေါင်း ၇၅၀၀၀၀ကျော်ဟာ လတ်တလောအခြေအနေလိုက်နာရန်ထုတ်ပြန်ထားသောအမိန့် (CMCO)အရ work from homeဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။

ဆာဘာ့၊ ဆီလန်ဂေါ၊ လာဘွန်း၊ ကွာလာလမ်ပူနဲ့ ပူထရာဂျာယာကထုတ်လုပ်ရေး၊ တည်ဆောက်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အလုပ်သမားပေါင်း (၃.၁)သန်းရှိပြီး ဒီထဲကမှ စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်မှုအဆင့်ရှိသူ (၂၅)% ဖြစ်တဲ့ ဝန်ထမ်းစုစုပေါင်း (၇၇၆,၁၃၅) ကတော့ work from home ဆောင်ရွက်ရမှာဖြစ်ကြောင်း မလေးရှား နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အဓိကကတော့ ဗိုင်းရပ်စ်ကူးစက်မှု လျော့ချရေးအတွက် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ မဖြစ်မနေ အလုပ်လုပ်ရရင်လည်း တစ်ပတ် (၃) ရက် တစ်ရက် (၄) နာရီသာ ရုံးတက်စေပြီး စီမံခန့်ခွဲမှုပိုင်းက ၁၀% ထိ အမြင့်ဆုံးဖြစ်ကြောင်း၊ ဒီလိုလူတွေကတော့ ငွေစာရင်း၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေ၊ စီမံကိန်း၊ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာသမားတွေ ဖြစ်ပါတယ်။ ရုံးချိန်အဖြစ် မနက်(၁၀)နာရီမှ နေ့လည်(၂)နာရီထိသာ ရှိနေခွင့်ပြုမှာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေကမြင့်တက်နေတာ ကြောင့် မလေးရှားမှာ ဒေသအတော်များများ ကို ထိန်းချုပ်မှုတွေ ဆောင်ရွက်နေရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ ကတော့ (၃၀)% သာ ရုံးတက်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကတစ်သတ်မတ်တည်း မဟုတ်ဘဲ အလုပ်ဌာနပေါ်မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ အဓိကက ဖြစ်နေတဲ့နေရာကဝန်ထမ်းတွေကို ကူးစက်မှုလျော့ချရေးဖြစ်ပါတယ်။

ကူးစက်မှုလျော့ချဖို့ဝန်ထမ်းအချင်းချင်းမလိုအပ်ဘဲမျက်နှာချင်းဆိုင် အလုပ်လုပ်ကြ လာကြသွားကြ စားကြသောက်ကြတာတွေကခုလိုအချိန်မှာ ဆင်ခြင်ကြရမှာဖြစ်ပြီး၊ အလုပ်ကိစ္စမဟုတ်ဘဲ အခန်းကူးသွားလာခြင်းတွေ မလုပ်ကြဖို့စတဲ့အချက်တွေကိုအဓိကတားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မနေ့ကတစ်ရက်တည်းတင်ကူးစက်မှုအသစ် (၇၃၂) ခုရှိပြီးသေဆုံးသူ(၆)ဦးရှိခဲ့ပါတယ်။ ဆာဘာ့ပြည်နယ်တစ်ခုတည်းတင်ကူးစက်မှုက (၅၃၅)ရှိခဲ့ပါတယ်။မလေးရှားမှာ ကူးစက်မှု (၂၂,၉၅၇)ရှိပြီး သေဆုံးသူ(၁၉၉)ဦးရှိကာ active case က (၇,၈၂၇)ရှိတာလည်းဖြစ်ပါတယ်။

Source – AFP

MRTV


23 Oct 2020     1,364 Views




RELATED

Most Popular of International News

Most Popular of NEWS