BEC-TERO TV

တူတူပုန်းတမ်းဆော့ကစားရာမှပျောက်ဆုံးနေသည် မိန်းကလေးငယ်တစ်ဦးကို လေးရက် မြောက်သည်နေ့ ထိရှာမတွေ့သေးဟုဆို

23 Oct 2020     1,335 Views


ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်တွင် ကလေးများတူတူပုန်းတမ်းဆော့ ကစားရာမှမိန်းကလေး ငယ်တစ်ဦးပျောက်ဆုံးနေလျက်ရှိရာ လေးရက်မြောက်သည်နေ့အထိရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ပရဟိတနာရေးကူညီမှုအသင်းမှကိုဝင်းဇော်က ပြောသည်။

အောက်တိုဘာလ၁၈ရက်၊ညနေ ၄နာရီ‌ကျော်အချိန်ခန့်ကမကျီးပေါက် ကုန်းကျေးရွာအုပ်စု၊ ကျောက် ဖူးကျေးရွာတွင် အသက် ၄နှစ်အရွယ် မပြည့်ပြည့်ဇွန် နှင့် ကလေးငယ်အဖော်များအခြား အိမ်တစ်အိမ်တွင် အတူ၊တူတူပုန်းတမ်းဆော့ကစားနေရာမှပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ခုချိန်ထိတော့မတွေ့သေးပါဘူး၊စခန်းမှာတော့အမှုဖွင့်ထားတယ်၊မိဘတွေနဲ့အတူအားလုံးလဲစိတ်ပူနေကြပါတယ်၊ပျောက်တာက လေးညအိပ်ငါးရက်မြောက်ပြီ၊ရှာနေကြတာကတော့ ရဲတွေကော၊ပရဟိတလူမှုရေး အသင်း တွေ၊ရွာခံတွေနဲ့အနီးအနားပတ်ဝန်းကျင်ကလူတွေကောဆိုရင် လူအင် အား၃၀ဝနီးပါးလောက်နဲ့ပိုက် စိပ်တိုက်ရှာနေတာမတွေ့သေးဘူးဆိုတော့ရာဇဝတ်မှုများဖြစ်နေမလားပေါ့၊ကလေးကိုတော့အမြန်ပြန်တွေ့ချင်နေကြတယ်”ဟု၎င်းကပြောသည်။

ကျောက်ဖူးရွာသည် ရွှေတောင် ကျီးသဲလမ်းမကျီးပေါက်ကုန်းရွာမှတစ်ဆင့်တစ်ရွာကျော်လျှင်ရောက်ရှိပြီအိမ်ချေ ၃ဝခန့်ရှိသည်ရွာငယ်လေးဖြစ်ကြောင်း၊ ကလေးငယ်ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန်ဖြစ်ခြင်းကြောင့် နတ်ဖွက်ထားနိုင်သည်ဟုယူဆကာလောကီအစီအမံများဖြင့်လည်းရှာဖွေခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ပြုလုပ်ရခြင်းမှာအဆိုပါဒေသ၌ယခင်ကလည်း လူတစ်ယောက်နှင့်ခွေးတစ်ကောင်ပျောက် ဆုံးခဲ့ဘူးခြင်းရှိခဲ့ရာသုံးရက်မြောက်နေ့တွင်ပြန်လည်တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

ကိုထွဋ်/ပြည်မြန်မာ

ဓာတ်ပုံ -ကိုဝင်းဇော်-ပရဟိတလူမှုကူညီရေးအသင်း


23 Oct 2020     1,335 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS