BEC-TERO TV

မိုးသည်းထန်စွာရွာသွန်း၍ မိုးရေစိမ့်ဝင်မှုကြောင့်စေတီတစ်ဆူပြိုကျမှုဖြစ်ပွား

23 Oct 2020     1,311 Views


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၊ကွမ်းခြံရပ်ကွက် ရိပ်သာ (၃) လမ်းတွင်ရှေးနှစ်ပေါင်းများစွာမှအဆက်ဆက်ပြုပြင်မွမ်းမံတည် ထားကိုးကွယ်ခဲ့သော ဉာဏ်တော်အမြင့် (၅၄)ပေရှိ ရှေးဟောင်းသမိုင်းဝင် “အကျွတ် အလွတ်” စေတီတော်သည် အောက်တိုဘာ ၂၁ ရက် နံနက်၂နာရီ ၅၀မိနစ်ခန့်က မိုးအဆက်မပြတ် ရွာသွန်းသဖြင့် အက်ကြောင်းများအတွင်း မိုးရေများ စိမ့်ဝင်ခြင်းကြောင့် စေတီတော် ထီးတော်မှလုံးတော် အထိပေ(၄၀)ခန့် ပြိုကျခဲ့ကြောင်းသိရသည်။

စေတီတော်ပြိုကျမှုဖြစ်ပွားရာသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆ ရာတော်၊ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ ရပ်ဖများကသွားရောက်ကြည့်ရှူ့ခဲ့ကြပြီး စေတီတော်ကြီး၏စိန်ဖူးတော်အတွင်းမှကျောက်မျိုးစုံ အ ကြီး အသေး အလုံး ၇၀ ရှေး ဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတော် (၁၄)ဆူအားတွေ့ရှိ၍ကွမ်းခြံ ကျောင်းတိုက် ဆရာတော် ဉူးပညာဝံသ အာထိန်းသိမ်းထားရှိကြောင်းသိရသည်။

အဆိုပါစေတီတော်ကြီးသည် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ထားကိုးကွယ်ခဲ့ပြီးမူလကဉာဏ်တော်အမြင့်(၁၀)တောင်ခန့်သာရှိကြောင်းနှင့် ၁၉၉၉ ခုနှစ် တွင်မူလစေတီ(၁၀)တောင်ခန့်အားငုံ၍ယခုစေတီ ဉာဏ်တော် (၅၄)ပေအထိအများကောင်းမှုစု ပေါင်းတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်းကွမ်းခြံကျောင်း တိုက်ဆရာတော်ဉူးပညာဝံသ ထံမှသိရှိရသည်။

Credit : မျိုးလှိုင်(တွံတေး)


23 Oct 2020     1,311 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS