BEC-TERO TV

လေယာဉ်များပေါ်၌ကိုဗစ် - ၁၉ ရောဂါကူးစက်နိုင်ခြေအလွန်နည်းပါး

26 Oct 2020     1,303 Views


လေယာဉ်များပေါ်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်များအနေဖြင့် လေယာဉ်ခရီးစဉ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်နိုင်ခြေ အလွန်နည်းပါးသော်လည်း ကူးစက်မှုလုံးဝမရှိသည့် အနေ အထားမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

“လေယာဉ်စီးနင်းစဉ် ခရီးသည်တွေအနေနဲ့ ရောဂါကူးစက်နိုင်ခြေက ရှိတော့ရှိတယ်။ ဒါပေမယ့် နှုန်းကတော့ အလွန်နည်းပါတယ်။ ဒါကလည်း လိုက်ပါလာတဲ့ ခရီးသည်ဦးရေနဲ့ အခြားအခြေအနေတွေပေါ် မူတည်ပါသေးတယ်။ လေယာဉ်တစ်စင်းတည်းစီးလာမိလို့ ရောဂါ ကူးစက်ခံလိုက်ရတယ်ဆိုတဲ့ ကိစ္စရပ်မျိုးက ဖြစ်ခေါင့်ဖြစ်ခဲပါ”ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကပင် လေယာဉ်များတွင် လေအေးပေးစက်များ တပ်ဆင်ထား သော်လည်း အများကယူဆသလို ကူးစက်မှုအန္တရာယ် မြင့်မားခြင်းမရှိကြောင်း အမေရိကန် ကာကွယ်ရေးဌာနကလည်း အတည်ပြုထားပြီးဖြစ်သည်။

ထိုသို့ ကူးစက်မှုနှုန်းနည်းပါးသည့် အကြောင်းတရားများတွင် လေကြောင်းလိုင်းအချို့၏ စည်းကမ်းအလွန်အမင်း တင်းကျပ်ထားမှု ကလည်း အဓိကအချက်အနေဖြင့် ပါဝင်ကြောင်း သိရသည်။ ဆောက်ဝက်သ်လေကြောင်း လိုင်းနှင့် ယူနိုက်တက်လေကြောင်းလိုင်းတို့ကလည်း လေယာဉ်ပေါ်တွင် ကူးစက်မှုနှုန်း မရှိသလောက် နည်းပါးသည်ဆိုသည်ကို သုတေသနပြုထုတ်ပြန်ထားပြီးဖြစ်သည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - မေလဲ့သင်း/The Mirror


26 Oct 2020     1,303 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS