BEC-TERO TV

ကော့ကရိတ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ လာရောက်ပြသ စစ်ဆေးနိုင်

26 Oct 2020     1,271 Views


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ Fever Clinic ကို ယနေ့ အောက်တိုဘာ ၂၆ ရက်မှစ၍ ဝင်းကြီးရပ်၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး ယခင် တီဘီရောဂါစမ်းသပ်ကုသရေးဌာနဟောင်း အောက်ဆေးပေးခန်းတွင် အစိုးရရုံးဖွင့်ရက်များ၌ စမ်းသပ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ၊ ဖျားနာသူများ၊ နှာစေးချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူမဝခြင်း၊ အနံ့မရခြင်း၊ ကိုယ်အလွန်ပူခြင်း စသော ရောဂါများကို ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဖြစ်ပွားခြင်း ဟုတ်/မဟုတ် လာရောက်စမ်းသပ်နိုင်ပြီး အစိုးရရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်းနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအတွင်း တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုဆရာမများမှ ကုသစမ်းသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံကြီး၊ လက်ထောက်ဆရာဝန် ဒေါက်တာ ဦးကိုကိုဦးထံမှ သိရှိရသည်။

ကျော်စိုးလွင် (ခရိုင် ပြန်/ဆက်)


26 Oct 2020     1,271 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS