BEC-TERO TV

ပျိုမေတို့အတွက် အကောင်းဆုံးအစားအစာများ

26 Oct 2020     1,524 Views


ကဲ လာပါပြီ Popolay ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ ပျိုမေတိုင်းအတွက် ရွေးချယ်ပြီးစားသုံးသင့်တဲ့ အကောင်းဆုံးအစားအစာလေးများကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။
 

> အဆီနည်းအသား

လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်းတတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။
 

> သင်္ဘောသီး

သင်္ဘောသီးမှာ လိမ္မော်သီးမှာထက် ဗီတာမင်စီ နှစ်ဆပိုမိုပါဝင်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လူတစ်သောင်းသုံးထောင်ကို လေ့လာမှုအရ ဗီတာမင်စီပမာဏနည်းတဲ့ အမျိုးသမီးတွေဟာ သည်းခြေအိတ်ပြဿနာအဖြစ်များကြောင်း သိရပါတယ်။ ၁၀ အောင်စခန့် လေးတဲ့ အနေတော် သင်္ဘောသီး တစ်လုံးမှာ ဗီတာမင်စီ ၁၈၈ မီလီဂရမ်နဲ့ ၁၁၉ ကယ်လိုရီပါဝင်တဲ့အတွက် ဗီတာမင်စီ လုံလုံလောက်လောက်ရဖို့ သင်္ဘောသီးစားသင့်ပါတယ်။
 

> ဂုန်လျှော်စေ့

မုန့်ဖုတ်သမားတွေဟာ အရသာနဲ့ အမျှင်ဓာတ်တိုးအောင် ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့မှာ Lignan လို့ခေါ်တဲ့ အီစထရိုဂျင်နဲ့ တူတဲ့ ဓာတ်များများ ပါဝင်တဲ့အတွက် ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ရင်သားကင်ဆာရှိသူ အမျိုးသမီးတွေမှာလည်း ဂုန်လျှော်စေ့ပါတဲ့ အစာစားရင် ရင်သားကင်ဆာ အကျိတ်ကြီးထွားနှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ Lignan ဓာတ်ရဖို့ နံနက်စာကွေကာမှာ ဂုံလျှော်စေ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်စားပေးနိုင်ပါတယ်။
 

> တိုဟူး (Tofu)

ပဲပိစပ်ပါတဲ့ အစားအစာတွေဟာ ကိုလက်စထရော ကျစေခြင်း၊ သွေးဆုံးချိန်ပူနွေးမှုများ လျော့ကျစေခြင်းနဲ့ အရိုးသန်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး တစ်နေ့မှာ Isoflavone ၉၀ မီလီဂရမ်စားပေးရင် အရိုးအတွက် အကျိုးကျေးဇူး ရရှိစေပါတယ်။
 

> အစိမ်းရောင်ဟင်းရွက်

ဗီတာမင်ကေ ပေါကြွယ်ဝတဲ့ အစားအစာကို အလုံအလောက်စားတဲ့ (တစ်နေ့ ၁၀၉ မိုက်ခရိုဂရမ်) အမျိုးသမီးတွေဟာ အလုံအလောက် မစားသူတွေနဲ့ ယှဉ်ရင် ၁၀ နှစ်အတွင်း တင်ပါးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ရေကညွတ်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေများစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်ကေ ပမာဏရဖို့ တစ်နေ့မှာ အစိမ်းရင့် ဟင်းရွက်ခွက်တစ်ဝက်စာ စားပေးပါ။
 
Credit:

26 Oct 2020     1,524 Views




RELATED

Most Popular of Health Fix

Most Popular of Life Style