BEC-TERO TV

ဗိုင်းရပ်စ်ကို ထိမ်းချုပ်နိုင်စွမ်းမရှိတော့ဟု ပြင်သစ်ဆရာဝန်များ သတိပေး

27 Oct 2020     1,329 Views


ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိမ်းချုပ်နိုင်စွမ်းရှိပုံမရတော့ဘူးလို့ ဆေးသိပ္ပံကောင်စီ ဆရာဝန်တစ်ဦးက သတိပေးလိုက်ပါတယ်။ တစ်ရက်တည်း ပိုးတွေ့လူနာ 52,000 ဦးရှိတယ်လို့ အစိုးရဘက်က မနေ့က သတင်းထုတ်ပြန်ပြီးနောက် ပြင်သစ်အစိုးရရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့ ဆေးသိပ္ပံကောင်င်စီဥက္ကဌ ဒေါက်တာ Dr. Jean-François Delfraissy က အဲဒီလို ပြောလိုက်တာပါ။

''အကျပ်တည်းကာလ အခြေအနေဟာ အတော်ခက်ခဲနေပါတယ်။ တစ်ရက်ကို ၅ သောင်းကျော်ချည်းနေ့တိုင်းဖြစ်နေနိုင်ပါတယ်။ ကျနော်တို့ သိပ္ပံကောင်စီရဲ့ခန့်မှန်းချက်အရဆိုရင် တစ်သိန်းအထိတောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်'' ဆိုပြီး ဒေါက်တာ Delfraissy က RTL ရေဒီယိုကိုပြောခဲ့ပါတယ်။ ပြင်သစ်ဟာ ဒီလအစောပိုင်းကပဲ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး ညမထွက်ရ အမိန့်အပါဝင် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ကိုဗစ် လူနာတွေများလာနေပြီး ICU အထူးကြတ်မတ်ကုသဆောင်တွေရဲ့ ၅၀%ကျော်ဟာ ကိုဗစ် လူနာတွေနဲ့ ပြည့်နေပါတယ်။

ပဲရစ်မြို့ရှိ Pitie-Salpetriere ဆေးရုံရဲ့ ကူးစက်ရောဂါဌာနအကြီးအကဲ Dr. Eric Caumes ကလည်း ''ကူးစက် ကပ်ရောဂါကို မထိမ်းချုပ်နိုင်တာဟာ မနေ့ကမှ ဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်း ဖြစ်နေတာပါ'' လို့ပြောဆိုးပြီး တင်းကျပ်မှုတွေ ထပ်လုပ်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်ကြောင့် ဥရောပတိုက်ရဲ့ သေဆုံးမှုဟာ ၂၅၀,၀၀၀ အထိရှိနေပြီဖြစ်ပြီး တကမ္ဘာလုံးစာရင်းကတော့ ၁.၁ သန်းရှိနေပြီဖြစ် ပါတယ်။

ပြင်သစ်ဟာ ဗိုင်းရပ်စ်တွေ့သူ တစ်သန်းကျော်လာတဲ့ ဥရောပတိုက်ထဲက ဒုတိယနိုင်ငံဖြစ်ပြီး ပထမ ကတော့ စပိန်ဖြစ်ပါတယ်။ ပြင်သစ်မှာ အခုချိန်အထိ ဗိုင်းရပ်စ်ပိုးတွေ့သူ 1,138,507 ဦးရှိပြီး သေဆုံးသူကတော့ 34,761 ရှိနေပြီဖြစ်ပါတယ်။ စပိန်မှာလည်း ဗိုင်းရပ်တွေ့သူ 1,110,372 ဦးရှိပြီ သေဆုံးသူ 34,752 ဦးရှိပါတယ်။ ဒီနိုင်ငံ နှစ်ခုဟာ ဥရောပတိုက်မှာ ပထမဆုံး ပိုးတွေ့လူနာ တသန်းကျော်တဲ့နိုင်ငံတွေဖြစ်ပြီး အခြား ဥရောပနိုင်ငံတွေ အားလုံးဟာလဲ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုကို အကြီးအကျယ်ခံနေရတယ်လို့ သိရပါတယ်။ ။

Source: AP

One News


27 Oct 2020     1,329 Views




RELATED

Most Popular of International News

Most Popular of NEWS