BEC-TERO TV

ကံမကောင်းခဲ့တဲ့ iPhone 9

27 Oct 2020     1,316 Views


မက္ကဆီကိုအလယ်ပိုင်း၊ ပူအဲဘလာပြည်နယ်၊ ပူအဲဘလာမြို့၊ လာမာဂရီတာဆေးရုံရှိ သားဖွားအခန်းက မွေးဖွားသောလမစေ့မွေးကင်စကလေးငယ်တစ်ဦးသည် မွေးပြီးပြီးချင်းမှာပဲ ကလေးက အသက်ရှူစနစ်ပျက်စီး၍ သေဆုံးသွားပြီးဖြစ်ကြောင်း ဆေးစစ်ချက်အရ ဆရာဝန်က အတည်ပြုလိုက်သောကြောင့် ရင်ခွဲရုံသို့ရွှေ့ပြောင်းထားလိုက်ပါတယ်။

အချိန် ၆ နာရီကြာပြီးသွားနောက် ကလေးရုပ်အလောင်းအား မိသားစုထံပေးအပ်ရန် ရင်ခွဲရုံသို့သွားယူနေစဉ် ကလေးက အသက်မဆုံးသေးဘဲ ခန္ဓာကိုယ်လှုပ်ရှားနေသည်ကို ရင်ခွဲရုံဝန်ထမ်းက တွေ့သွားပြီး ချက်ချင်း ဆရာဝန်ကိုအကြောင်းကြားကာ မွေးကင်းစကလေးအထူးကြပ်မတ်ဆောင်သို့ အမြန်ပို့ဆောင်ပေးလိုက်ပါတယ်။

လူသေရုပ်အလောင်းတွေထားတဲ့ အအေးဓါတ်အနှုတ်ရှိတဲ့ရင်ခွဲရုံလိုအခန်းထဲမှာ ၆ နာရီကြာနေပြီး မသေဆုံးဘဲ အသက်ရှင်နေနိုင်တဲ့ အရမ်းခံနိုင်ရည်ရှိသည့် လမစေ့မွေးကင်းစကလေးငယ်အား အလွန်အံ့သြဖို့ကောင်းတယ်လို့ ဆရာဝန်များကဆိုထားပါတယ်။ ဤအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်များက စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရတယ်။

#popolaytv #popolay #popolaynews


27 Oct 2020     1,316 Views




RELATED

Most Popular of International News

Most Popular of NEWS