BEC-TERO TV

ဆောင်းရဲ့ အအေးဒဏ်ကိုအံတုဖို့ စားသောက်ရမယ့် အစားအစာများ

27 Oct 2020     2,024 Views


ဆောင်းရာသီကိုရောက်လာပြီဆိုတော့ ပိုပိုလေး ပရိသတ်ကြီးကို ဆောင်းရာသီအအေးဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်က ခြေဖနောင့်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာများကို အံတုဖို့အတွက် အအေးဓာတ်လွှမ်းမိုးတဲ့ကာလမှာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို  နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များကို ရွေးချယ်စိစစ်ပြီး စားသုံးနေထိုင်ကြမယ်ဆိုရင် အပေါ်ကဆိုခဲ့တဲ့ ပြဿနာများနဲ့ စည်းတစ်ဖက်ခြားနေနိုင်ဖို့အတွက် ဗဟုသုတအနေနဲ့ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။
 
၁။ ဆော်လမွန်ငါး
 
ဒီငါးဟာ ဦးနှောက်အတွက်အကျိုးပြုပေးတဲ့ အစားအစာဖြစ်ပါတယ်။ ဦးနှောက်ကို အကျိုးပြုပေးရုံမက စိတ်ခံစားမှုကိုလည်း အားပြုပေးပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။ဦးနှောက်ကောင်း စွာအလုပ်လုပ်ဖို့အတွက် DHA ဆိုတာ လိုအပ်ပါတယ်။ DHA ဟာ ဆော်လမွန်ငါးမှာ များစွာပါဝင်တဲ့အတွက် ဆော်လမွန်ငါးစားဖို့ တိုက်တွန်းရခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ငါးစားတာ မကြိုက်ဘူး၊ ဆော်လမွန်ငါးစားဖို့ မလွယ်ကူနိုင်ဘူးဆိုရင် သစ်သီးဝလံကို စားပေးနိုင်ပါတယ်။
 
၂။ မုန်လာဥနီ
 
မုန်လာဥနီဟာ ကာရိုတင်းဓာတ်အများဆုံးပါဝင်ပါတယ်။ ကိုယ်ခန္ဓာတွင်းမှာရှိတဲ့ဘော်ဒီဆဲလ်တွေပျက်စီးတာကို ရပ်တန့်အောင်၊ နှေးကွေးအောင်လုပ်ပေးပါတယ်။ အမျှင်ဓာတ် ပေါကြွေယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ရုံမက ဗီတာမင်ဘီ၊ စီ၊ ဒီနဲ့အီး တို့ အများအပြားပါဝင်ပါတယ်။
 
၃။ ဂရိတ်ဖရု
 
ဗီတာမင်စီ၊ ဖော်လစ်အက်ဆစ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ ပေါကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်တယ်။ တစ်နေ့ကို ခြောက်ခွက်လောက်သောက် သုံးပေးမယ်ဆိုလျှင် ကင်ဆာ အမျိုးမျိုးမှ ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ဂရိတ်ဖရုကို တချို့ဆေးဝါးတွေနဲ့အတူ သုံးစွဲမယ်ဆိုရင် ဘေးအန္တရာယ် ရှိတဲ့အတွက်သတိပြုစေချင်ပါတယ်။
 
၄။ မှို
 
သွေးဖြုဥတွေကို ထောက်ပံ့ကူညီပေးတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးတယ်။ အမျှင်ဓာတ်ပေါကြွယ်ဝပြီး ကိုလက်စထရောမြင့်မားခြင်းကို တားဆီးပေးပါတယ်။ ဆီးချိုနဲ့ နှလုံးရောဂါတို့ကိုလည်းကာကွယ်ပေးပါတယ်။
 
၅။ ကန်စွန်းဥ
 
ကန်စွန်းဥပူပူလေးကို ဆောင်းဥတုကာလမှာ သုံးဆောင်သင့်ပါတယ်။ ဗီတာမင်ဓာတ် အမျိုးမျိုးပါဝင်ပြီး အမျှင်ဓာတ်လည်းပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်တို့လည်းပါဝင်ပါတယ်။
 
၆။ စွပ်ပြုတ်
 
စွပ်ပြုတ်ဟာ ဆောင်းဥတုကာလမှာ စားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ စွပ်ပြုတ်ထဲ ခရမ်းချဉ်သီး၊ အမဲသား၊ ဟင်းသီးဟင်းရွက်တို့ ရောနှောပြီးစားသုံးနိုင်ပါတယ်။
 
၇။ ရွှေဖရုံသီး
 
ဗီတာမင်ဘီဝမ်း၊ စီနဲ့ ဖော်လစ်အက်ဆစ်တို့ပါဝင်တယ်။ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်။
 
၈။ ကြက်သွန်ဖြူ
 
ကြက်သွန်ဖြူဟာ ဆောင်းရာသီမှာ အများဆုံးစားသုံးသင့်တဲ့ ဥ တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကမလိုအပ်တဲ့ အဆီတွေကိုလည်းဖယ်ရှားပေးတယ်။ ဘက်တီးရီးယားတွေကိုလည်း နှိမ်နင်းပေးတယ်။ သွေးထုံးတာကိုလည်း ကာကွယ်ပေးနိုင်တယ်။ လေ့လာတွေ့ရှိချက်များအရ ကြက်သွန်ဖြူဟာ နှလုံးရာဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရတယ်။
 
၉။ လိမ္မော်သီး
 
ခရစ္စမတ်ကာလမှာစားသုံးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အသီးဖြစ်ပြီးဆောင်းရာသီမှာ ပျိုမေတိုင်း အထူးသုံးဆောင်သင့်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ အရမ်းအေးတဲ့အချိန်တွေမှာ လိမ္မော်သီးကိုစားပေးပါ။ ဟင်းသီးဟင်းရွက်တွေထဲ ချက်ပြုတ်တဲ့အခါ လိမ္မော်သီးရည် တစ်စက်နှစ်စက် ထည့်ပေးပါ။ ငါးကြော်တွေ၊ ငါးကင်တွေထဲမှာလည်း လိမ္မော်ရည် တစ်စက်နှစ်စက်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
 
၁ဝ။ ဂေါ်ဖီထုပ်
 
ဗီတာမင်စီ ပေါကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်ထဲမှာ မပါပေမယ့်သဘာဝအမျှင်ဓာတ်တွေ အများဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကယ်လိုရီတွေဟာ ရရှိတဲ့ရာခိုင်နှုန်းထက် ဆုံးရှုံးတဲ့ရာခိုင်နှုန်းက ပိုများနေတဲ့အတွက်ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ပါတယ်။
 

ဆောင်ရမယ့်အချက်များ.....

 
ဗီတာမင်စီပေါကြွယ်ဝတဲ့ အစားအစာများဟာ ဆောင်းတွင်းမှာကိုယ်စိတ်ကျန်းမာရေးကို ကောင်းစွာအထောက် အကူဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အအေးဒဏ်မှ ကာကွယ်ပေးပြီးနွေးထွေးမှုလည်း ဖြစ်စေပါတယ်။ အစပ်အစားအစာတွေဟာလည်း ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုမြန်ဆန်စေပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ကြော်လှော်ချက်ထားတဲ့ အစားအစာတွေကိုလည်း စားသင့်ပါတယ်။
 

ရှောင်ကြဉ်ရမယ့်အချက်များ.... 

 
၁။ အအေးတွေ၊ ရေခဲမုန့်တွေကို မစားသောက်ပါနဲ့။
၂။ အစားအစာတွေကို စားသောက်တဲ့အခါမှာ အစိမ်းလိုက်မစားပါနဲ့။
၃။ အဆာမခံပါနဲ့။ အနီးအနားမှာ သွားရည်စာမုန့်တွေကို သိမ်းထားပါ။ အလုပ်များလို့ ထမင်းမစားနိုင်တဲ့အခါ မှီဝဲလို့ရအောင်ဖြစ်ပါတယ်။
 
Credit:

27 Oct 2020     2,024 Views




RELATED

Most Popular of Health Fix

Most Popular of Life Style