BEC-TERO TV

တစ်ပင်လုံးအသုံးဝင်တဲ့ ရှောက်ပင်

28 Oct 2020     2,131 Views


ဆေးဖက်ဝင်ရှောက်ရွက်

 
(၁) လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဝင်ရောက်နိုင်။
 
(၂) လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။
 
(၃) အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ ထည့်ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်ရွက် ၉ ရွက်စီ ထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ‌ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွားပေးပါ။ တစ်လ နှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျဓာတ်စာဆေးများစားခြင်းထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။
 

ဆေးဖက်ဝင်ရှောက်သီး

 
(၁) အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အဝစားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။
 
(၂) အစာအဟာရများကို မမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေပါက ရှောက်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်းကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။
 
(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့်တစ်ဆ၊ ထုံးတစ်ဆ တို့ကိို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။
 
(၄) မီးယပ်အဆင်းများလျှင် မူးဝေတတ်သည်။ ရှောက်သီးနှင့် ထန်းလျက်ရောကာ ကျွေးပေးရသည်။
 
(၅) သွေးတိုး ရောဂါရှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက်အစိတ်သား၊ ဆားခါးတစ်ဆယ်သား၊ ကွမ်းရွက်သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစားတစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။
 
(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါးရွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက်မရ၊ ခြေတစ်ဖက်ဆွဲများကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။
 
(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပျစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။
 

ဆေးဖက်ဝင်ရှောက်မြစ်

 
(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။ နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။
 
(၂) အကြာခဏအန်လျှင် ရှောက်မြစ်သွေးရည်နှင့် ပျားရည်ရောစပ်ကာ ဟင်းစားဇွန်းတစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန်ရပ်သွားမည်။
 
(၃) ကလေးများမကြာခဏ နို့အန်ရောဂါဖြစ်နေလျှင် ရှောက်မြစ်ကိုသွေးပြီး ၆ လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။
 
(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ်သွေးရည်၊ ပျားရည် ဆတူစပ်၍ ကဟင်းစားဇွန်းတစ်ဇွန်းစာကို မနက်၊ ည တစ်ကြိမ်စီသောက်ပါ။
 
Credit:

28 Oct 2020     2,131 Views




RELATED

Most Popular of Health Fix

Most Popular of Life Style