BEC-TERO TV

ကားအဟောင်းတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လေထုညစ်ညမ်းမှုတွေ ဖြစ်လာကြောင်း ကုလသမဂ္ဂ သတိပေး

29 Oct 2020     1,328 Views


ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ကောင်းကင် သန့်ရှင်းစေရန် ကားအဟောင်းတွေကို ဖယ်ရှားခြင်းဟာ ကူညီပေးနေပေမယ့် အဲဒီကားအဟောင်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဆုံးသတ်သွားတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လေထုညစ်ညမ်းမှုတွေ သိသိသာသာဖြစ်လာကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဂျပန် ၊ အမေရိကန်နဲ့ ဉရောပနိုင်ငံတွေ က ၂၀၁၅ ခုနှစ် ၂၀၁၈ ခုနှစ် အတွင်းမှာနှစ်စဉ် ကားအဟောင်း ၃ သန်းလောက်ကို တင်ပို့ရောင်းချခဲ့ကြောင်း၊ အဲဒီကားအဟောင်းတွေအား ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေကို ရောင်းချခဲ့ကြောင်း နဲ့ တစ်ဝက်ကျော်ဟာ အာဖရိက မှာ အဆုံးသတ်ကြောင်း ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်းဆိုင်ရာ အဖွဲ့အစည်း (UNEP) က တနင်္လာမှာ ထုတ်ပြန်လိုက်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကားတွေကို တင်ပို့ရောင်းချတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံမှု မရှိတဲ့ အချက်အလက်တွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ သွားလာလို့ မသင့်တော်တဲ့ ကားတွေအား တင်ပို့ရောင်းချမှု ရပ်ဆိုင်းရန် UNEP က တိုက်တွန်းလိုက်ပါတယ်။ အလားတူ ကားတင်ပို့မှု လက်ခံရာ နိုင်ငံတွေကလည်း ကားတွေရဲ့ အဆင့်အတန်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်ကြောင်း UNEP က ပြောပါတယ်။

မော်တော်ကား တစ်စင်းဟာ ကီလိုမီတာ ၂၀၀,၀၀၀ ကျော် (မိုင် ပေါင်း ၁၂၅,၀၀၀) အသုံးထားသော သက်တမ်း ၁၈ နှစ်ရှိတဲ့ ကားအဟောင်းတွေကို တင်ပို့ရန် အဆင်သင့်ဖြစ်နေကြောင်း နယ်သာလန်တာဝန်ရှိသူတွေ့ရဲ့ ၂၀၁၉ ခုနှစ် စုံစမ်းစစ်ဆေးချက်အရ သိရပါတယ်။ နိုင်ပေါင်း ၁၄၆ နိုင်ငံ ရဲ့ သုံးပုံ နှစ်ပုံသော နိုင်ငံတွေဟာ မော်တော်ကားအဟောင်းတွေအပေါ်မှာ တားမြစ်ချက် အားနည်းခြင်းနဲ့ တချို့နိုင်ငံတွေဟာ လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး မရှိတာမျိုးအထိ တွေ့ရကြောင်း UNEPရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုးကား - AFP MDN


29 Oct 2020     1,328 Views




RELATED

Most Popular of International News

Most Popular of NEWS