BEC-TERO TV

Halloween ပွဲတော်အတွက် ပြင်ဆင်မှုအားကောင်းလွန်း၍ တကယ်ဖြစ်တယ်လို့တောင်အထင်ခံခဲ့ရသောဖြစ်ရပ်

29 Oct 2020     1,328 Views


နှစ်စဉ်နှစ်တိုင်း Halloween နေ့ရောက်ရှိလာတာနဲ့အလျောက် သရဲလိုဝတ်စားဆင်ယင်ပြီး ပြင်ဆင်ခြယ်သမှုတွေ အပြိုင်အဆိုင် ပျော်ပျှော်ရွှင်ရွှင်ဆင်နွှဲကြလေ့ ရှိပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရီဗာဆိုက်မြို့ရဲ့ ဒီနှစ် Halloween နေ့ကတော့ “ထရာဗစ်နှင့်ကာမင် လောင်း” ဆိုတဲ့ ဇနီးမောင်နှံရဲ့ အနုပညာဖန်တီးမှုကြောင့် 911 အရေးပေါ်ရဲတပ်ဖွဲ့ဖုန်းနံပါတ်ကို ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့ပါတယ်။

သူတို့ပြင်ဆင်ထားတဲ့ သူတို့ရဲ့နေအိမ်ကြီးကို အိမ်မီးလောင်နေတဲ့ပုံစံမျိုး ရုပ်တိအရမ်းရှိလွန်းလို့ ပတ်ဝန်းကျင်ကလူတွေ၊ လမ်းသွားလမ်းလာကလူတွေကို အိမ်တကယ်မီးလောင်နေတယ်လို့ထင်ပြီး 911 ကို အသည်းအသန်ဖုန်းဆက်ခေါ်ကြရတော့ ပါတယ်။ Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားထဲကပုံစံလိုအခြေခံထားပြီး မီးအတုများနှင့်ပြင်ဆင်ဖန်တီးထားတာဖြစ်ပြီး့၊ အားလုံးစိတ်တွေမွန်းကြပ်နေတဲ့ ကိုဗစ်ကာလအတွင်းနှင့် အောက်တိုဘာလ ၃၁ ရက်နေ့ Halloween နေ့မှာ အားလုံးပျော်ရွှင်မှုတွေကူးစက်စေဖို့ ရည်ရွယ်ထားတာပါလို့ ဆိုထားပါတယ်။

၎င်းတို့ဖန်တီးမှုဟာ မီးလောင်မှုအစစ်နှင့်တအားတူတယ်လို့တောင် မီးသတ်သမားများက ချီးကျူးသွားပါတယ်။ မီးသတ်သမားများအလုပ်ရှုပ်သွားတာကလွဲလို့ ဘာမှတော့ အရေးပြန်မယူခဲ့ပါဘူး။ ဤအဖြစ်အပျက်တွင် နားလည်မှုအလွဲဟာသတစ်ခုလိုပဲမြင်မိပြီး နောက်ထပ်ဒီလိုမျိုးမပြုလုပ်ခင် အားလုံးသိအောင် ကြိုအကြောင်းကြားပေးသင့်ကြောင်းလို့ သတိပေးသွားခဲ့ပါတယ်။

#popolaytv #popolay #popolaynews


29 Oct 2020     1,328 Views




RELATED

Most Popular of International News

Most Popular of NEWS