BEC-TERO TV

တောင်ကိုရီးယားနိုင်ငံက ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု သုညရာခိုင်နှုန်းအထိ လျှော့ချသွားမည်

29 Oct 2020     1,357 Views


တောင်ကိုရီးယားနိုင်ငံက ၂၀၅၀ ပြည့်နှစ်တွင် နိုင်ငံအတွင်း ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဟု သမ္မတမွန်ဂျေအင်းက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ အနေဖြင့် စွမ်းအင်ဆိုင်ရာအရင်းအမြစ်များ နည်းပါးပြီး နိုင်ငံအတွင်း လျှပ်စစ်ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားမှ တင်သွင်းလာသော ကျောက်မီးသွေးစွမ်းအင်ကိုသာ အားထားနေရကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာ၌ ကြိုးပမ်းဆောင်ရွက်မှု အနေဖြင့် ၂၀၅၀ ပြည့်နှစ်မှာ နိုင်ငံအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း မွန်ဂျေအင်းက ပြောကြားခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံအတွင်း ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားရန် ဆောင်ရွက် မည်ဟုပြောကြားချက်အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ချီးကျူးခဲ့ပြီးနောက် မွန်ဂျေအင်း၏ ကြောညာချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအနေဖြင့် ကျောက်မီးသွေးအခြေခံသော စွမ်းအင်ထုတ်လုပ်မှုကဏ္ဍကို ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အစားထိုးနိုင်ရန် တောင်ကိုရီးယား ဝမ် ၂ ဒသမ ၄ ထရီလီယံကို အသုံးပြုသွားမည်ဖြစ်ပြီး နိုင်ငံအတွင်း လျှပ်စစ်စွမ်းအင်သုံးကားများအတွက် အားသွင်းရုံများ တည်ဆောက်ရန် တောင်ကိုရီးယား ဝမ် ၄ ဒသမ ၃ ထရီလီယံကို အသုံး ပြုသွားမည်ဟု သိရသည်။

သို့သော် အစိုးရ၏ နျူကလီးယားစွမ်းအင် ဆန့်ကျင်ရေးဆိုင်ရာ ရပ်တည်ချက်သည် ၂၀၅၀ ပြည့်နှစ်တွင် နိုင်ငံ အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားရန် ဆောင်ရွက်မည့်အစီအမံအပေါ် ဟန့်တားမှုရှိနေ သည်။ တောင်ကိုရီးယားအနေဖြင့် နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစားထိုးနိုင်ရန် ဆောင်ရွက်နေ ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်ဆူဂါကလည်း ဂျပန်နိုင်ငံအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို သုည ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု ပြောကြားခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ၊

ဘာသာပြန်-စိုးသူရ The Mirror


29 Oct 2020     1,357 Views




RELATED

Most Popular of International News

Most Popular of NEWS